တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲဝင် ဓာတ်ခဲမီး မီးပုံးပျက်ကျ၊ လူ၂ ဦးထိခိုက်ဒဏ်ရာရ

ဓာတ်ပုံ-တန်ဆောင်တိုင် သတင်းပြန်ကြားရေး

တောင်ကြီး၊ နိုဝင်ဘာ ၁၅

တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲနေ့ဖြစ်တဲ့ နိုဝင်ဘာလ (၁၄)ရက်ညမှာ ညမီးကြီးအမျိုးအစားဖြစ်တဲ့ ဓာတ်ခဲမီးအဖွဲ့ရဲ့ မီးပုံးပျံ ပျက်ကျခဲ့ပြီး လူ(၂)ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီကနေ သိရပါတယ်။

ဓာတ်ပုံ-တန်ဆောင်တိုင် သတင်းပြန်ကြားရေး

နိုဝင်ဘာလ (၁၄) ရက်နေ့ ညပိုင်း ၉နာရီ ၄၅ မိနစ်ခန့်မှာ လွှတ်တင်ခဲ့တဲ့ ဓာတ်ခဲမီးအဖွဲ့ရဲ့ မီးပုံးပျံဟာ လွှတ်တင်ပြီး ခဏအကြာမှာ ပြန်လည်ပျက်ကျခဲ့တာဖြစ်တယ်လို့ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကျင်းပရေးကော်မတီ ကနေ သိရပါတယ်။

မီးပုံးပျံပျက်ကျမှုကြောင့် အေးသာယာမြို့သစ်နေ ကိုကျော်မင်းသူ (၂၅) နှစ်ရဲ့ ဘယ်လက်နဲ့ ဘယ်ခြေ အနည်းငယ်ထိခိုက်မှုရှိခဲ့ပြီးတော့ အေးသာယာမြို့နေ ကိုဆန်း အသက်(၂၄)နှစ်မှာ ယမ်းလောင်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ဒဏ်ရာရသူ (၂)ဦးကို စ၀်စံထွန်းအထူးကုဆေးရုံမှာ တင်ဆောင်ကုသထားရတယ်လို့လည်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲနေ့မှာ ညမီးကြီး မီးပုံးပျံ (၉) လုံး၊ စိန်နားပန် မီးပုံးပျံ (၄) လုံး စုစုပေါင်း (၁၃) လုံး လွှတ်တင်ယှဉ်ပြိုင်ခဲ့ပြီးတော့ ဓာတ်ခဲမီးအဖွဲ့ရဲ့ မီးပုံးပျံ (၁) လုံးသာ ပျက်ကျမှုရှိခဲ့ပြီး ကျန်မီးပုံးပျံအဖွဲ့များအားလုံးအောင်မြင်စွာလွှတ်တင်နိုင်ခဲ့တယ်လို့လည်း တောင်ကြီးတန်ဆောင် ပွဲတော်ကျင်းပရေးကော်မတီ မှသိရပါတယ်။

သတင်း -ရွှေတြိဂံ ဒေသ သတင်းလွှာ
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲဝင် ဓာတ်ခဲမီး မီးပုံးပျက်ကျ၊ လူ၂ ဦးထိခိုက်ဒဏ်ရာရ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲဝင် ဓာတ်ခဲမီး မီးပုံးပျက်ကျ၊ လူ၂ ဦးထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:56 Rating: 5
Powered by Blogger.