လုံခြုံရေးဆောင်ရွက်ရန်ပေးထားသည့်သေနတ်အား မောင်းခလုတ်မတော်တဆနှိပ်မိစဉ် ကျည်ထွက်ပြီး ရဲတပ်ကြပ်တစ်ဦးထိမှန်မှုဖြစ်ပွား


မန္တလေး၊၁ နိုဝင်ဘာ

မန္တလေးမြို့ချမ်းမြသာစည်မြို့ နယ်၊အမှတ်(၁၁)နယ်မြေရဲစခန်းတွင် သေနတ်မောင်းခလုတ်မတော်တဆနှိပ်မိပြီး ရဲတပ်ကြပ်ကြီး တစ်ဦးအား ၀မ်းဗိုက်ကျည်မှန်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါရဲစခန်းမှသိရသည်။

ယနေ့နံနက် ၉ နာရီခန့်က အမှတ် ၁၁ နယ်မြေရဲစခန်းတွင် တရားရုံးထုတ်လုံခြုံရေးဆောင်ရွက်ရန်ပေးထားသည့်သေနတ်မောင်းခလုတ်အား မတော်တဆနှိပ်မိရာမှ တပ်ကြပ်ကြီးဝင်းမြင့်၏ ညာဘက်ဗိုက်အားကျည် တစ်ချက်ထုတ်ချင်းပေါက်ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ဒီဖြစ်စဉ်ကြောင့် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူသွားရမှာပေါ့။ကျန်တာတော့ မရှိပါ ဘူး။လက်နက်ကိုင်ဆောင်ရာမှာ မတော်တဆဆိုတာ ဖြစ်လို့မရဘူးလေ။သေနတ်ထုတ်ပေးလိုက် ချိန်မှာ သေနတ်ကို ရဲဘော်တစ်ယောက်က အပ်ထားချိန်မှာ မောင်းခလုပ်ဆွဲမိရာမှာ ကျည်ထွက်သွား တာပေါ့”ဟု အမှတ် (၁၁)ရဲစခန်းမှူး ဒုရဲမှူး ဇော်နိုင်ကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်သားချစ်မင်းဇော်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
လုံခြုံရေးဆောင်ရွက်ရန်ပေးထားသည့်သေနတ်အား မောင်းခလုတ်မတော်တဆနှိပ်မိစဉ် ကျည်ထွက်ပြီး ရဲတပ်ကြပ်တစ်ဦးထိမှန်မှုဖြစ်ပွား လုံခြုံရေးဆောင်ရွက်ရန်ပေးထားသည့်သေနတ်အား မောင်းခလုတ်မတော်တဆနှိပ်မိစဉ် ကျည်ထွက်ပြီး ရဲတပ်ကြပ်တစ်ဦးထိမှန်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.