ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄၆/၆ နှင့် ၁၄၆/၇ ကြားတွင် ရဲလှည့်ကင်းယာဉ်အား ၆ ဘီးယာဉ်မှ ဝင်တိုက်မိရာမှ ရဲတပ်သား တစ်ဦး သေဆုံး


ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄၆/၆ နှင့် ၁၄၆/၇ ကြားတွင် ISUZU ၆ ဘီးယာဉ် အဖြူ ရောင်မှ GRAND TIGER HIGHWAY POLICE လှည့်ကင်းယာဉ်အား ဝင်ရောက်တိုက်မိရာ ရဲတပ်သား တစ်ဦးမှာ တောင်ငူဆေးရုံတွင် ဆေးကုသမူခံယူနေစဉ် နိုဝင်ဘာ ၁ ရက် နံနက်အစောပိုင်းက သေဆုံးသွားကြောင်း ဇီပင်သာ အမြန်လမ်းမကြီး ရဲစခန်းမှ သိရှိရသည်။

 "အမြန်လမ်းမကြီးရဲ့ ၄ လမ်းသွား အကျယ် ယာဘက်အစွန်မှာ အချက်ပြမီးထွန်းပြီး ရပ်ကင်းဆောင်ရွက်နေတဲ့ အချိန်မှာ နောက်ကနေ ၆ ဘီး ယာဉ်တစ်စီးက ဘရိတ်ပေါက်ပြီး ဝင်တိုက်တာ ရဲတပ်ဖွဲဝင် နှစ်ဦး ဒဏ်ရာရတာ တစ်ဦးက ဆေးကုသနေစဉ် သေဆုံးသွားတယ်။"ဟု ဇီပင်သာ အမြန်လမ်းမကြီး ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။အောက်တိုဘာ ၃၁ ရက် ည ၁၁း၅၀ နာရီခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄၆/၆ နှင့် ၁၄၆/၇ ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်လင်းထွန်း ၂၁ နှစ် မောင်းနှင်လာ သည့် ISUZU ၆ ဘီးယာဉ်အဖြူရောင်မှာ ဘရိတ်ပေါက်ပြီး အရှိန်းမထိန်နိုင်ဘဲ လမ်းဘေးတွင်ရပ်ကင်း ဆောင်ရွက်နေသည့် GRAND TIGER HIGHWAY POLICE လှည့်ကင်းယာဉ်အား နောက်မှဝင်ရောက် တိုက်မိ ရာ ဒုတပ်ကြပ် အောင်ထက်ဟိန်းနှင့် ရဲတပ်သား ဇော်မင်းဦးတို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူ နှစ်ဦးမှ ရဲတပ်သား ဇော်မင်းဦးသည် တောင်ငူဆေးရုံ၌ ဆေးကုသမူခံယူနေစဉ် နိုဝင်ဘာ ၁ ရက် နံနက် ၁း၀၀ နာရီခန့်က သေဆုံးခဲ့ရကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အားမဆင်မချင် မောင်းနှင်သူ အောင်လင်းထွန်းအား ဇီးပင်သာ အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၂၀/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။


ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper
ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄၆/၆ နှင့် ၁၄၆/၇ ကြားတွင် ရဲလှည့်ကင်းယာဉ်အား ၆ ဘီးယာဉ်မှ ဝင်တိုက်မိရာမှ ရဲတပ်သား တစ်ဦး သေဆုံး ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄၆/၆ နှင့် ၁၄၆/၇ ကြားတွင် ရဲလှည့်ကင်းယာဉ်အား ၆ ဘီးယာဉ်မှ ဝင်တိုက်မိရာမှ ရဲတပ်သား တစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.