ထိုင်း လက်ဝှေ့ အသက်ကန့်သတ်ဖို့ သုံးသပ်


ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်စနေနေ့က ၁၃နှစ်အရွယ် လူငယ်တဦး လက်ဝှေ့ထိုးလို့ သေဆုံးခဲ့ပြီးတဲ့နောက် ရိုးရာလက်ဝှေ့ထိုးသတ်ခြင်းဟာ အသက်အရွယ်ငယ်သူတွေ အတွက် သင့် မသင့် စမ်းစစ်ဝေဖန်မှုတွေ ထွက်ပေါ်လာနေပါတယ်။

မွေထိုင်းလို့ လုသိများတဲ့ ထိုင်းရိုးရာလက်ဝှေ့မှာ လူငယ်တွေအတွက် ရွှေခါးပတ်ရရှိရေး ၊ ဆုကြေးငွေမျက်မျက်လေးရရေး၊ စတာတွေဟာ မက်လုံးပေးတဲ့အိမ်မက်တွေဖြစ်ခဲ့ပြီး လူငယ်တွေကြား ရေပန်းစားနေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း သုတေသနပြုချက်တွေအရ မွေထိုင်းကစားနည်းဟာ ထိခိုက်အနာတရ အများအပြားရရှိစေနိုင်တယ်လို့ သိရှိထားပါတယ်။

ပြီးခဲ့တဲ့အပတ်က ဘန်ကောက်မှာ ၁၃ နှစ်အရွယ် လူငယ်တဦးလက်ဝှေ့ပွဲမှာ ဦးခေါင်းကို အထိုးခံရပြီး ဦးနှောက်ထဲသွေးရောက်သွားတာကြောင့် သေဆုံးသွားရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်း ထိုင်း ဥပဒေပြုသူတွေက အသက်ငယ်ရွယ်သူများ ကစားခွင့်ကို ပိတ်ပင်တဲ့ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့ပြီး ၀န်ကြီးချုပ်က အားကစားဝန်ကြီးဌာနကို ပြန်လည်သုံးသပ်မှုတွေလုပ်ဖို့ ညွှန်ကြားထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ထိုင်း လက်ဝှေ့ အသက်ကန့်သတ်ဖို့ သုံးသပ် ထိုင်း လက်ဝှေ့ အသက်ကန့်သတ်ဖို့ သုံးသပ် Reviewed by THITHTOOLWIN on 11:22 Rating: 5
Powered by Blogger.