မလေးရှားဝန်ကြီးချုပ်ဟောင်း ဇနီး စွဲချက်ထပ်တိုး


 မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ဇနီးကို ဆိုလာစွမ်းအင်ထုတ်လုပ်ခွင့်ရဖို့ အစိုးရနဲ့ စာချုပ်ချုပ်နိုင်ရေးကိစ္စမှာ လာဘ်ငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ၂ ခုနဲ့ မနေ့က ထပ်မံစွဲဆိုလိုက်ပါတယ်။

တရားရုံးကရရှိတဲ့အချက်အချက်တွေအရ နာဂျစ်ရာဇတ်ရဲ့ဇနီးဖြစ်သူ ရိုစ်မာ မန်ဆန် Rosmah Mansor ဟာ နိုင်ငံအရှေ့ပိုင်း ဆာရာဝတ်ပြည်နယ်က ကျောင်းတွေမှာ ဆိုလာစွမ်းအင်စီမံကိန်းတွေ လုပ်ဆောင်ဖို့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း လာဘ်ငွေတောင်းထားတာတွေ၊ ရယူထားတွေရှိတယ်လို့ ဖော်ပြပါတယ်။

ရိုစ်မာ မန်ဆန်ဟာ သူ့ရဲ့နိုင်ငံရပ်ခြားသွားပြီး ဈေးဝယ်ထွက်တတ်တဲ့တာကြောင့် အရင်ထဲက အဂတိလိုက်စားမှုနဲ့ နာမည်ပျက်ရှိထားသူဖြစ်ပါတယ်။ ရိုစ်မာ မန်ဆန်ကို အရင်ကတည်းက ဒေါ်လာဘီလီယံနဲ့ ချီပြီး ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှုစတဲ့ အမှုပေါင်း ၁၇ မှုနဲ့ တရားစွဲဆိုခံရပြီးသားဖြစ်ပြီး အဲဒီကရတဲ့ ငွေတွေနဲ့ သူ့ခင်ပွန်းရွေးကောက်ပွဲ မဲဆွယ်ရာမှာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို မနေ့က မလေးရှား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

တကယ်လို့သာ အနောက်ထပ်စွဲဆိုတဲ့ အမှုသစ် ၂ ခုအတွက် ပြစ်မှုထင်ရှားခဲ့ရင် ရိုစ်မာဟာ ထောင်ဒဧ် အနှစ် ၄၀ အထိ ကျခံရနိုင်ပါတယ်။

အသက် ၆၆ နှစ်အရွယ် ရိုစ်မာကတော့ သူ့မှာ အပြစ်မရှိဘူးလို့ ငြင်းဆိုထားပြီး အာမခံငွေ ရင်းဂစ် ၁ သန်းနဲ့ လွတ်မြောက်လာပါတယ်။ လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ရိုစ်မာရဲ့အမှုကို ဘယ်နေ့စပြီး စစ်ဆေးမယ်ဆိုတာ တရားရုံးက ကြေညာပါမယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မလေးရှားဝန်ကြီးချုပ်ဟောင်း ဇနီး စွဲချက်ထပ်တိုး မလေးရှားဝန်ကြီးချုပ်ဟောင်း ဇနီး စွဲချက်ထပ်တိုး Reviewed by THITHTOOLWIN on 11:24 Rating: 5
Powered by Blogger.