မိုင်းပန်မြို့တွင် ဒေသခံပြည်သူတစ်ဦး ဒေသန္တရလုပ်မိုင်းနင်းမိ


မိုင်းပန် နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စု မိုက်ပုတ်(ပန်ပိ)ကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၈ ရက် နံနက် (၈) နာရီခန့်က ဒေသခံပြည်သူတစ်ဦး ဒေသန္တရလုပ်မိုင်း နင်းမိ၍ စ.က.ခ (၁၇) လက်အောက်ရှိ ၂၅ ကုတင်ဆန့်စစ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာအဆိုပါကျေးရွာနေ ဦးခွန်ကျော် (၅၃) နှစ် သည်တောင်ယာသို့ စပါးရိတ်ရန်သွားစဉ် ရွာမြောက်ဘက် နှစ်မိုင်ခန့်အကွာနေရာ၌ ဒေသန္တရလုပ်မိုင်း နင်းမိသဖြင့် ယာခြေဖဝါးနှင့်ခြေမျက်စိမိုင်းစထိမှန်(မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာ ရရှိ၍ စ.က.ခ (၁၇) လက်အောက်ရှိ ၂၅ ကုတင် စစ်ဆေးရုံ၌ နိုဝင်ဘာ ၁၈ ရက် ညနေ ၃ နာရီခွဲ ခန့်တွင် ရောက်ရှိ ဆေးကုသမှုခံယူပြီး ညနေ ၅ နာရီခွဲ အချိန်တွင်နမ့်စန်စစ်ဆေးရုံသို့ လွဲပြောင်းပို့ဆောင်ပေး ခဲ့ကြောင်း မိုင်းပန် မြို့မရဲ စခန်း မှသိရသည်။

မြို့နယ် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုင်းပန်မြို့တွင် ဒေသခံပြည်သူတစ်ဦး ဒေသန္တရလုပ်မိုင်းနင်းမိ မိုင်းပန်မြို့တွင် ဒေသခံပြည်သူတစ်ဦး ဒေသန္တရလုပ်မိုင်းနင်းမိ Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.