စစ်တွေမြို့နယ်၌ မူးယစ်ဆေးဝါး သန်း ၁၈၆၀ ဖိုးဖမ်းဆီးရမိ


စစ်တွေ နိုဝင်ဘာ ၁၉

စစ်တွေမြို့နယ် ရေချမ်းပြင်ကျေးရွာရှိကမ်းထိုးဇက် ကတိုးရေယာဉ်ပေါ်သို့ တင်ဆောင်ထားသည့် မော်တော်ယာဉ်ပေါ်၌ ယနေ့နံနက် ၇ခွဲတွင် မူးယစ်ဆေးပြား ၆၂၀၀၀၀ ပြား၊ သန်း ၁၈၆၀ (၁၈၆၀၀၀၀၀၀၀) ဖိုးဖမ်းဆီးရမိကြောင်းစစ်တွေမြို့ မြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာရေချမ်းပြင်စခန်းမှ ရဲအုပ်ဇော်မင်းနှင့် တပ်ဖွဲ့ဝင်များ၊ စစ်တွေမြို့ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးခင်မောင်နှင့် တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူသတင်းအရစစ်တွေမြို့မှ အငူမော်သို့ထွက်ခွာမည့် ကမ်းထိုးဇက်ကတိုးရေယာဉ်ပေါ်သို့ တင်ဆောင်လာပြီးမောင်တောမြို့ ရပ်ကွက်(၃)နေကျော်နိုင် မောင်းနှင်လာသောမော်တော်ယာဉ်အမှတ် YGN 2H------KLUGER အဖြူရောင်ယာဉ်အား မူးယစ်ဆေးဝါးသတင်းအရ မသင်္ကာ၍ ရှာဖွေခဲ့ကြသည်။ ရှာဖွေစဉ် ကား၏အနောက်ခန်းပစ္စည်းထားသောအန်ဘောက်အောက်အတွင်း အန်ဝှက်ဖြင့်ပြုလုပ်ကာထည့်ထားသော R တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား၊ ပါကင်ထုတ်တစ်ထုပ်လျင် ၁၀၀၀၀ ပါ၊ ၆၂ ထုပ်၊ စုစုပေါင်းဆေးပြား ၆၂၀၀၀၀ ပြား၊ တစ်ပြားလျင် ၃၀၀၀ နှုန်းဖြင့် (၁၈၆၀၀၀၀၀၀၀)ကျပ်ဖို့ကိုတွေ့ရှိ၍ သက်သေများရှေ့ တွင် ရဲအုပ်ဇော်မင်းကရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့သည်။

အဆိုပါဖမ်းဆီးရမိသောတရားခံကျော်နိုင်အားစစ်တွေမြို့ မြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်းမြို့မ စခန်းမှ သိရသည်။

ကံထွန်း(ဟံတာမြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
စစ်တွေမြို့နယ်၌ မူးယစ်ဆေးဝါး သန်း ၁၈၆၀ ဖိုးဖမ်းဆီးရမိ စစ်တွေမြို့နယ်၌ မူးယစ်ဆေးဝါး သန်း ၁၈၆၀ ဖိုးဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.