နတ်တလင်းမြို့နယ် ထိပ်ပိတ်ကျေးရွာ လယ်ကွင်းထဲတွင် လူသေအရိုးစုအလောင်း တစ်လောင်းတွေ့ရှိ


နတ်တလင်း နိုဝင်ဘာ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ထိပ်ပိတ်ကျေးရွာ အုပ်စုကျီးပင်စာရေးရွာ လယ်ကွင်းအမှတ် ၁၈၅N ဦးပိုင်အမှတ်၃ (၆၅)ဦးမြင့်ဦး၅၇နှစ်၏လယ်ကွင်းထဲတွင် နိုဝင်ဘာ၂၀ရက် နံနက် ၁၀နာရီခွဲ၌ လူသေအရိုးစုအလောင်း တစ်လောင်းတွေ့ရှိ၍လှပခြင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအုန်းသန်းက ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားလာသဖြင့် တာပွန်နယ်မြေစခန်းမှူး ရဲအုပ်ခင်မောင်ဝင်းနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန်းလင်းဦးတပ်ဖွဲ့ဝင်များသက်သေထိပ်ပိတ်အုပ်စုအုပ်ချုပ်ရေးမှူးဦးဖိုးချိုတို့နှင့်အတူအခင်းဖြစ်ရာအရပ်သို့သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူအလောင်းအရိုးစုဘေးနားတွင်ပလပ်စတစ်ချင်းတစ်လုံး မကြည်ဌေးအမည်ပါလူမှုဖူလုံရေးကတ်တစ်ခု နိုင်ငံသားစိစစ်ဆေးကတ် မင်းလှပြည်ရိုးရိုးတန်းရထားလက်မှတ် တစ်ဆောင် မိန်းမကိုင်အနီရောင်အိတ်တစ်လုံး တစ်ရာတန်ငွေစက္ကူ သုံးရွက်ဒေါ်သောင်းစိန်တံဆိပ်ပါဆေးဘူးနှင့် ဒဏ်ကြေ လိမ်းဆေးတစ်ဘူးစီတွေ့ရှိရ၍သေဆုံးသူမှာဒေါ်ကြည်ဌေး ၅၉နှစ်ညောင်သုံးပင်ရွာမင်းလှမြို့နယ်နေသူဖြစ်ကြောင်းဒေါ်ကြည်ဌေး သေဆုံးမှုနှင့်ပတ်သက်၍ ၎င်းနေထိုင်ရာမြို့နယ် ရဲစခန်းသို့စုံစမ်းရာသေဆုံးသူမှအထက်ပါလိပ်စာအတိုင်းနေထိုင်သည်မှာ မှန်ကန်ပြီးလွန်ခဲ့သောတစ်လခန့်ကနေအိမ်မှပျောက်ဆုံးသွားကြောင်းစိတ်ကျန်းမာရေးမကောင်းသူဖြစ်ပြီးသွေးတိုးရောဂါခံစားနေသူလည်းဖြစ်ကြောင်း သေဆုံးသူ၏ညီမဖြစ်သူဒေါ်မြင့်အေး ၅၇နှစ် ညောင်သုံးပင်ရွာမင်းလှမြို့နယ်နေသူက ဖုန်းဖြင့်ပြောပြ၍ သိရှိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေးပေးရန်တပ်ကြပ်ကြီးအောင်နိုင်ဝင်းက တရားလိုပြုလုပ်တိုင်ကြားသဖြင့်တာပွန်နယ်မြေရဲစခန်း၏သေမှုသေခင်း အမှတ်စဉ်၉/၂၀၁၈အမှုဖွင့်ထားရှိကြောင်းသိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နတ်တလင်းမြို့နယ် ထိပ်ပိတ်ကျေးရွာ လယ်ကွင်းထဲတွင် လူသေအရိုးစုအလောင်း တစ်လောင်းတွေ့ရှိ နတ်တလင်းမြို့နယ် ထိပ်ပိတ်ကျေးရွာ လယ်ကွင်းထဲတွင် လူသေအရိုးစုအလောင်း တစ်လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 18:40 Rating: 5
Powered by Blogger.