သုံးဘီးဆိုင်​ကယ်​ အရှိန်​နှင့်​​ကွေ့စဉ်​ ​မောင်းသူ​ဘေးမှ ထိုင်​လိုက်​သူပြုတ်​ကျ​သေဆုံး


တိုက်​ကြီး နိုဝင်​ဘာ ၂၁

ရန်​ကုန်​တိုင်း​ဒေသကြီး တိုက်​ကြီမြို့နယ်​ဖိုး​ခေါင်​​အျေးရွာ၌ နိုဝင်​ဘာ ၂၀ ရက်​က သုံးဘီးဆိုင်​ကယ်​ ​မောင်းလာစဉ်​ အရှိန်နှင့်​ ​ကွေ့လိုက်​သဖြင့်​ အမျိုးသားတစ်​ဦးပြုတ်​ကျ​​သေဆုံး သွား​ကြောင်း ဖိုး​ခေါင်​နယ်​​မြေ ရဲစခန်းမှသိရသည်​။

ဖြစ်​စဉ်​မှာ ​တော်​လတီ​ကျေးရွာမှဖိုး​ခေါင်​​ကျေးရွာသို့ ယာဉ်​​မောင်း ​အောင်​​ကျော်​​ ​မောင်းနှင်​လာသည့်​ သုံးဘီ​မော်​​တော်​ ဆိုင်​ကယ်​ အပြာ​ရောင်​ ယာဉ်​သည်ဖိုး​ခေါင်​​ကျေးရွာ​အောင်​​ဇေယုံ ဘုရား လမ်း​ကွေ့ အ​ရောက်​တွင်​ ယာဉ်​အားအရှိန်​နှင့်​ ​ကွေ့လိုက်​စဉ်​ ယာဉ်​​မောင်း​၏ဝဲဘက်​​ဘေးတွင်​ထိုင်​လိုက်​လာသည့်​ ဦးတင်​ရှိန်​ ၅၆ နှစ်​ ထုံးအင်းရွာ ပျဉ်းမကုန်းအုပ်​စု၊ဥက္ကံမြို့၊မှာ သုံးဘီး ဆိုင်​ကယ်​​ပေါ်မှပြုတ်​ကျ၍ ဦး​ခေါင်း​နောက်​​စေ့ ​ကြေမွဒဏ်​ရာရရှိကာ အခင်းဖြစ်​​နေရာတွင်​ ​သေဆုံးသွာခဲ့သည်​။

ယာဉ်​​မောင်း ​အောင်​​ကျော်​မှာဆိုင်​ကယ်​ စက်​နှိုးတံ နှင့်​ထိမိကာ ဝဲ​ခြေလုံး ​ပေါက်​ပြဲသွား
ခဲ့သဖြင့်​ မဆင်​မခြင်​​မောင်းနှင်​သူ ​အောင်​​ကျော်​ ၅၅နှစ်​ စစ်​ပြင်​​ကျေးရွာ ခုနှစ်​ကျိုက်​အ​နောက်​​ကျေးရွာအုပ်​စု၊တိုက်​ကြီမြို့​နေသူအား ဖိုး​ခေါင်​ရဲစခန်းမှအမှုဖွင့်​ထား​ကြောင်း သတင်းရရှိသည်​။

ထွန်းလှိုင်​(မြိုင်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သုံးဘီးဆိုင်​ကယ်​ အရှိန်​နှင့်​​ကွေ့စဉ်​ ​မောင်းသူ​ဘေးမှ ထိုင်​လိုက်​သူပြုတ်​ကျ​သေဆုံး သုံးဘီးဆိုင်​ကယ်​ အရှိန်​နှင့်​​ကွေ့စဉ်​ ​မောင်းသူ​ဘေးမှ ထိုင်​လိုက်​သူပြုတ်​ကျ​သေဆုံး Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.