ထမင်းမစားကျေးရွာဆယ်အိမ်စု ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ မီးလောင်မှုဖြစ်ပွား


ပုလော နိုဝင်ဘာ ၂
=============
ပုလောမြို့နယ်မှ(၁၂)မိုင်ဝေးကွာ သော ထမင်းမစားကျေးရွာ ဆယ် အိမ်စုဘုန်းတော်ကြီးကျောင်းဓမ္မာရုံ ၌ ယနေ့နံနက် ၁၁နာရီတွင် မီး လောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဆယ်အိမ်စုဘုန်း တော်ကြီးကျောင်းတရားဟောဓမ္မာ ရုံမီးစက်မှတစ်ဆင့် ဝိုင်ယာရှောခ့် ဖြစ်၍ အနီးရှိထန်းလျက်မိုးသို့ မီး ကူးစက်လောင်ကျွမ်းပြီး အလျား ၈၅ပေ၊ အနံ၄၅ပေရှိ ထန်းလျက်မိုး ပျဉ်ခင်းဘုန်းတော်ကြီးကျောင်းတရား ဟောဓမ္မာရုံမီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းရာသို့ ပုလောမြို့ နယ်မီးသတ်စခန်းတာဝန်ခံ လက် ထောက်မီးသတ်ဦးစီးမှူး ဦးကျော် စိုးအောင်ခေါင်းဆောင်၍ မီးသတ် ရေယာဉ်တစ်စီး၊ သန္ဓေတပ်ဖွဲ့ဝင် ခြောက်ဦး၊ အရန်မီးသတ် ၁၅ ဦး သွားရောက်၍ ကျေးရွာနေပြည် သူများနှင့်အတူ မီးငြှိမ်းသတ်ခဲ့ ကြောင်း သိရသည်။

The Union Daily
https://www.facebook.com/pg/uniondaily.net
ထမင်းမစားကျေးရွာဆယ်အိမ်စု ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ မီးလောင်မှုဖြစ်ပွား ထမင်းမစားကျေးရွာဆယ်အိမ်စု ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.