မိုးနဲမြို့၌ ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ နှစ်ဦး သေဆုံး


မိုးနဲ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် မိုးနဲ-မောက်မယ်လမ်းပိုင်း ကုန်းပေါင်းကျေးရွာအနီးတွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှု ယမန်နေ့မွန်းလွဲ ၁၂ နာရီ မိနစ်၂ဝ ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောက်မယ်မြို့မှ ပြောင်းစံအိတ်များတင်ဆောင်၍ စိုင်းဝင်းလှိုင်(၃၄)နှစ် မောင်းနှင်လာ သော ယာဉ်နှင့် စံစိုင်း(၂၃)နှစ် မောင်းနှင်ပြီး နန်းစံ(၂၉)နှစ်နှင့် နန်းစံ၏ သမီး ယိင်းကော်ခမ်း ငါးနှစ်တို့ လိုက်ပါစီးနင်းလာသော မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ စံစိုင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ နန်းစံမှာ ဝဲ၊ ယာဒူး ပွန်းပဲဒဏ်ရာ၊ ဝဲခြေသလုံး ပေါက်ပြဲဒဏ်ရာများဖြင့် ဆေးရုံ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယိင်းကော်ခမ်းမှာ ယာချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲ၊ ယာ လက်ချောင်းများ ပေါက်ပြဲဒဏ်ရာ၊ ယာပါးပွန်းပဲ့ (မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သဖြင့် စိုင်းဝင်းလှိုင်အား မြို့မရဲစခန်းက ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/pg/TheMirrorDaily
မိုးနဲမြို့၌ ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ နှစ်ဦး သေဆုံး မိုးနဲမြို့၌ ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ နှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 11:47 Rating: 5
Powered by Blogger.