အိန္ဒိယမှာ မော်ဝါဒီ သူပုန်တွေနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

အိန္ဒိယမှာ မော်ဝါဒီ သူပုန်တွေနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်
အိန္ဒိယနိုင်ငံ အလယ်ပိုင်းမှာ တနင်္ဂနွေနေ့က မော်ဝါဒီ သူပုန်တွေနဲ့ အစိုးရတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တနင်္လာနေ့မှာကျင်းပမယ့် ချဟတ်တစ်စဂတ် ပြည်နယ်ရွေးကောက်ပွဲ မတိုင်ခင် တရက်အလိုမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

သစ်တောထူထပ်ရာ ကန်ကာခရိုင်အတွင်း အစိုးရတပ်တွေ ကင်းလှည့်နေစဉ်မှာ မော်ဝါဒီသူပုန်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တတာပါ။ ဖြစ်စဉ်အတွင်း သူပုန်တဦးသေဆုံးပြီး၊ အစိုးရတပ်အရာရှိတဦး ဒဏ်ရာရခဲ့ပါတယ်။

မဲဆန္ဒနယ် ၁၈ ခုရှိတဲ့ ပြည်နယ်ရွေးကောက်ပွဲ လုံခြုံရေးအတွက် ထောင်နဲ့ချီတဲ့ ရဲနဲ့စစ်တပ်တွေ ချထားပါတယ်။ ဒါ့ပြင် ဒရုန်းယာဉ် တွေကိုလည်း အသုံးပြုပြီး စောင့်ကြည့်နေတာဖြစ်ပါတယ်။

မော်ဝါဒီ သူပုန်တွေဟာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လာခဲ့ပြီး၊ ဒေသခံတွေကိုလည်း မဲမပေးကြဖို့ သတိပေးခဲ့ပါတယ်။

ကြာသပတေးနေ့ကတော့ ဘတ်စကားတစီး ဗုံးခွဲခံခဲ့ရလို့ အရပ်သားသုံးဦးနဲ့ ပြည်သူ့စစ်တဦး သေဆုံးခဲ့ရပါတယ်။

တရုတ်ခေါင်းဆောင် မော်စီတုံးရဲ့ တရုတ်တော်လှန်ရေးကို အားကျတဲ့ မော်ဝါဒီသူပုန်တွေဟာ အိန္ဒိယအစိုးရကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ရှိခဲ့ပါပြီ။ ဒေသခံလယ်သမားတွေအတွက် မြေယာနဲ့ အလုပ်အကိုင်တွေရရှိဖို့ လက်နက်ကိုင် တောင်းဆိုနေကြတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
အိန္ဒိယမှာ မော်ဝါဒီ သူပုန်တွေနဲ့ အစိုးရတပ် တိုက်ပွဲဖြစ် အိန္ဒိယမှာ မော်ဝါဒီ သူပုန်တွေနဲ့ အစိုးရတပ် တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 11:31 Rating: 5
Powered by Blogger.