မိုင်းဖြတ်၌ ကားနှင်ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာမှ တစ်ဦးသေဆုံး


မိုင်းဖြတ် ၊ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် နိုဝင်ဘာလ ၈ရက် ၂နာရီခန့်က ကျိုင်းတုံ-တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီးပေါ် ဆိုက်ခေါင်ကျေးရွာအနီး မိုင်တိုင်အမှတ် (၂၇၃+၅၀၀) ကီလိုမီတာတွင် ရွှေမြို့တော် ယာဉ်လိုင်း ခရီးသည်တင်မှန်လုံယာဉ်နှင့် ဆိုင်ကယ်တို့ တိုက်မှုဖြစ်ပွားရာမှ ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ ဦးယာကဲမှာ သေဆုံးသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ ကျိုင်းတုံမှ တာချီလိတ်သို့ ယာဉ်မောင်း ဦးစိုင်းယီ(၆၁)နှစ် စွန်မွန်းရပ်၊ ကျိုင်းတုံမြို့နေသူ မောင်းနှင်လာသည့် ရွှေမြို့တော်ယာဉ်လိုင်းမှ ယာဉ်အမှတ်(5E/-----) ဖြူ/စိမ်း/ဝါယာဉ်သည် မိုင်းဖြတ်မြို့နယ်၊ ဆိုင်ခေါင်းကျေးရွာ မိုင်တိုင်အမှတ် (၂၇၃+၅၀၀) ကီလိုမီတာအရောက်တွင် ဟာကြားမုနိကျေးရွာသွား လမ်းတံတား မှ ပြည်ထောင်စု ကားလမ်းမတစ်ဖက်သို့ လမ်းဖြတ်ကူးခဲ့ရာ ဆိုကယ်ယာဉ်မောင်း ကျနူး(၁၉)နှစ်၊ (ဘ)ဦးယာကဲ မိုင်းခတ်မြို့နေသူမောင်းနှင်ပြီး ဖခင်ဖြစ်သူ ဦးယာကဲ(၄၀)နှစ် နောက်မှလိုက်ပါလာသည့် Haojue အမျိုးအစား ယာဉ်အမှတ်မပါ အနီရောင်ဆိုင်ကယ်နှင့် လမ်းအလယ်တွင် တိုက်မိပြီး ဆိုင်ကယ်ယာဉ်မောင်း ကျနူးနှင့် ဖခင်ဖြစ်သူ ဦးယာကဲတို့မှာ ဒဏ်ရာများပြင်းထတ်စွာရှိပြီး ဒဏ်ရာရရှိသူ ၂ဦးအား မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့စဉ် ဦးယာကဲမှာ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ကျနူးမှာ မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆေးရုံမှ ကျိုင်းတုံမြို့ ပြည်သူ့ ဆေးရုံသို့ လွဲပြောင်းဆေးဝါး ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင် လမ်းဖြတ်ကူး သူ ဆိုင်ကယ်ယာဉ်မောင်း ကျနူးနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးစိုင်းယီတို့ နှစ်ဦးအား မိုင်းဖြတ်မြို့မရဲစခန်းမှ ယာဉ်(ပ)၁၁/၂၀၁၈၊ ရာဇသက်ကြီး ပုဒ်မ ၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်(ပြန်/ဆက်)
Iprd Mongphyak
https://www.facebook.com/profile.php?id=100012331866308&
မိုင်းဖြတ်၌ ကားနှင်ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာမှ တစ်ဦးသေဆုံး မိုင်းဖြတ်၌ ကားနှင်ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာမှ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:15 Rating: 5
Powered by Blogger.