ရသေ့တောင်မြို့နယ်တွင် ဦးတင်မောင်ဝင်းအနိုင်ရရှိသွားပြီ


နိရဉ္စရာ၊ နိုဝင်ဘာ ၃

ယနေ့ကျင်းပခဲ့သော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာအေးမောင်၏သား ဦးတင်မောင်ဝင်း မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားပြီ ဖြစ်သည်။

ယခုလက်ရှိ အချိန်တွင် မဲရုံ ၈၆ ခုတွင် ၅၂ရုံ ရေတွက်ပြီးစီးသွားပြီ ဖြစ်ရာ မဲရလဒ်မှာ တင်မောင်ဝင်း ၁၅၆၅၂ မဲ၊ ANP ၁၃၆၃ မဲ၊ ALD ၂၅၉ မဲ၊ NLD ၄၆၆ မဲ နှင့် ပယ်မဲ ၄၂၂ ဟု သိရသည်။

ရသေ့တောင်မြို့နယ် ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတစ်ဦးကလည်း ဦးတင်မောင်ဝင်း အနိုင်ရရှိသွားကြောင်းနှင့် ၎င်းတို့ပါတီ၏ ကိုယ်စားလှယ် ဦးမောင်လှမြင့် အပြတ်အသတ်ရှုံးနိမ့်ကြောင်း နိရဉ္စရာသို့ ညနေ ၆ နာရီခွဲက အတည်ပြု ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206/
ရသေ့တောင်မြို့နယ်တွင် ဦးတင်မောင်ဝင်းအနိုင်ရရှိသွားပြီ ရသေ့တောင်မြို့နယ်တွင် ဦးတင်မောင်ဝင်းအနိုင်ရရှိသွားပြီ Reviewed by THITHTOOLWIN on 09:49 Rating: 5
Powered by Blogger.