လဲချားမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ ကျားခေါင်းပါတီ အပြတ်အသတ်အနိုင်ရ

SNLD/ လဲချားမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဥက္ကာ ခေါ် စိုင်းကောင်ခမ်း

နိုဝင်ဘာလ ၃ ရက် ၂၀၁၈

ယနေ့နိုဝင်ဘာ ၃ ရက် ၂၀၁၈ ခု တွင်းကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအား ကျားခေါင်းပါတီ အမည်ရ SNLD ပါတီက ကျားဖြူပါတီ နှင့် NLD တို့အား မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်ဟုသိရသည်။

ကျားခေါင်းပါတီ အမတ် စိုင်းဥက္ကာ ခေါ် စိုင်းကောင်ခမ်းက ထောက်ခံမဲ ၈၅၇၅ မဲ၊ ကျားဖြူပါတီ က ၁၆၅၃ မဲ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၁၀၂၃ မဲ အသီးသီးရရှိကာ ကျားခေါင်းပါတီ က အနိုင်ရရှိခဲ့သည်။

လဲချားမြို့နယ်အတွင်း မဲဆန္ဒရှင် ၄ သောင်းခန့်ရှိသည့်အနက် တသောင်းကျော်က ဆန္ဒမဲပေးခဲ့ကြသည်ဟုသိရသည်။

“ကျနော်တို့ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ည အပြီးလုပ်မယ်တဲ့။ မဲက အားလုံးရည်တွက်ပြီးပြီ။ ကော်မရှင် က ထပ်မံစီစစ်နေတာ။ မဲပေးတဲ့သူ အားလုံးကို အထူးကျေးဇူးတင်ပါတယ် ”- ဟု အနိုင်ရရှိခဲ့သည့် စိုင်းဥက္ကာ ကပြောသည်။

ယနေ့ကြားဖြတ်ရွေးကောက် ပြီးမြောက်ခြင်းနှင့်ပတ်သက်၍ ကျားဖြူပါတီ အမတ်လောင်း စိုင်းရွှေဆိုင်း၊ NLD အမတ်လောင်း စိုင်းအောင်ထွန်းလေးတို့အား ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရခဲ့ပေ။

လဲချားမြို့နယ်တွင် မဲဆန္ဒရှင် ၃၉၇၆၀ ဦးအနက် ပယ်မဲအပါအ၀င် ဆန္ဒမဲ လာပေးသူ ၁၂၀၀၀ ကျော် သာရှိသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တုန်းကလည်း ၅၄% သာ လဲချားမဲဆန္ဒရှင်များလာရောက် မဲထည့်ကြသည်။ မန္တလေးတိုင်းဒေသကြီး သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက်တွင်မူ NLD ပါတီ က အနိုင်ရဖွယ်ရှိသည်ဟု မန္တလေးသျှမ်းအသိုင်းအ၀ိုင်းများက ပြောဆိုနေကြသည်။

Panglong(Burmese)
သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
https://www.facebook.com/ShanNewsBurmese/
လဲချားမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ ကျားခေါင်းပါတီ အပြတ်အသတ်အနိုင်ရ လဲချားမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ ကျားခေါင်းပါတီ အပြတ်အသတ်အနိုင်ရ Reviewed by THITHTOOLWIN on 09:47 Rating: 5
Powered by Blogger.