မိုးနဲမြို့၌ ရှေးဟောင်းစေတီတစ်ဆူ ပြိုကျပျက်စီးမှုဖြစ်ပွား


မိုးနဲ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်သည် ရှမ်းပုဂံဟု တင်စားလောက်အောင် ရှေးဟောင်း ဘုရား နှင့်စေတီများ မြောက်များစွာတည်ရှိသောမြို့ တစ်မြို့ဖြစ်ပြီး လူနေအိမ်ခြံဝင်းအတွင်းရှိ ဉာဏ်တော် ၄၅ ပေ ၊အောက်ခြေ ပေ ၂၀ ပတ်လည်ရှိ ရှေးဟောင်းစေတီတစ်ဆူ ပြိုကျပျက်စီးမှု ပေါ့မိုင်းရပ်ကွက် ဦးတင်ခိုင် ဇနီးဒေါ်မြမြဝင် တို့၏နေအိမ်ဝင်း အတွင်း၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါစေတီပြိုကျမှုနှင့် ပတ်သက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တမာဃိန္ဒ နှင့်သံဃာတော်များ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊မြို့မိ မြို့ဖများ နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှုများက ယနေ့ညနေ ၅ နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ စေတီမှာရှေးဟောင်းစေတီတစ်ဆူဖြစ်ပြီး နှစ်ကာလကြာရှည်စွာသဘာဝ ဘေးဒဏ်ခံခဲ့ရခြင်းနှင့် ကြံ့ခိုင်မှုအားနည်းလာခြင်းတို့ကြောင့် ပြိုကျရခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် ၏ အတည်ပြုပြောကြားချက်အရ သိရှိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးနဲမြို့၌ ရှေးဟောင်းစေတီတစ်ဆူ ပြိုကျပျက်စီးမှုဖြစ်ပွား မိုးနဲမြို့၌ ရှေးဟောင်းစေတီတစ်ဆူ ပြိုကျပျက်စီးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.