ထိုင်းတောင်ပိုင်းမှာ ဝက်သက်ရောဂါပြန့်ပွား

ထိုင်းနိုင်ငံတောင်ပိုင်း ယာ့လားခရိုင်တွင် ဝက်သက်ရောဂါကာကွယ်ဆေး ထိုးပေးနေစဉ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဝက်သက်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ ကြိုးပမ်းနေကြပါတယ်။

စက်တင်ဘာလကစလို့ ထိုင်းတောင်ပိုင်းမှာ ဝက်သက်ရောဂါဖြစ်ပွားသူ ၁၅ဝဝ ကျော်ရှိပြီး ၁၄ ဦး သေဆုံးခဲ့ပါတယ်။

ရောဂါကာကွယ်ဆေးနဲ့ပတ်သက်ပြီး ထိုင်းတောင်ပိုင်းက မွတ်စလင်တွေအကြား သဘောပေါက်နားလည်မှု လွဲမှားခဲ့တာကြောင့် ကြိုတင်ကာကွယ်ဆေးထိုးပေးမှုနှုန်း ကျဆင်းခဲ့တဲ့အတွက် ရောဂါပြန့်ပွားရတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စလာမ်ဘာသာရေးထုံးစံအရ ဝက်သားစားသုံးတာကို တားမြစ်ထားပါတယ်။ ဝက်သက်ရောဂါ ကာကွယ်ဆေးတွေမှာ တခါတလေ ဝက်ကထုတ်တဲ့ ဓာတ်ပစ္စည်းတွေကို အသုံးပြုလေ့ရှိပေမယ့် ထိုင်းနိုင်ငံကို တင်သွင်းတဲ့ ကာကွယ်ဆေးတွေမှာ အဲဒီဓာတ်ပစ္စည်းတွေ မပါဝင်ဘူးလို့ ထိုင်းကျန်းမာရေးဌာနက ပြောပါတယ်။

မွတ်စလင်အများစုနေထိုင်ရာ ထိုင်းတောင်ပိုင်းခရိုင်တွေမှာ အခုနှစ်ဆန်းကစလို့ ဝက်သက်ရောဂါ ဖြစ်ပွားမှုနှုန်းဟာ တနိုင်ငံလုံးရဲ့ ထက်ဝက်နီးပါး ရှိနေပြီလို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ထိုင်းတောင်ပိုင်းမှာ ဝက်သက်ရောဂါပြန့်ပွား ထိုင်းတောင်ပိုင်းမှာ ဝက်သက်ရောဂါပြန့်ပွား Reviewed by THITHTOOLWIN on 11:30 Rating: 5
Powered by Blogger.