မြန်မာနိုင်ငံ ပြန်ပို့မယ့် ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာ အကြမ်းဖက်မှု ကျူးလွန်ဖူးသူတွေပါဝင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင် ဒုက္ခသည်စခန်းများကို တွေ့ရစဉ်။
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ မူစလင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အစီအစဉ်အတွက် နှစ်နိုင်ငံသဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့တဲ့ လူစာရင်းထဲမှာ အယောက် ၅ဝ က အကြမ်းဖက်မှု ကျူးလွန်ဖူးသူတွေ ဖြစ်နေကြတယ်ဆိုပြီး မြန်မာဘက်က သတ်မှတ်တယ်လို့ ဥရောပကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ၂ဝ၁၈ ဇန်နဝါရီလက ပေးပို့ခဲ့တဲ့ လူ ၈ဝဝဝ စာရင်းထဲက အယောက်၂ဝဝဝ ကို တရားဝင် လက်ခံမယ်လို့ မြန်မာဘက်က ပြန်လည်အကြောင်းကြားခဲ့ပြီး၊ လူ ၅ဝ ကိုတော့ အကြမ်းဖက်မှု ကျူးလွန်ဖူးသူတွေ ဖြစ်တယ်လို့ တွေ့ရှိ သတ်မှတ်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

ကျန်တဲ့သူတွေရဲ့အခြေအနေကိုတော့ စစ်ဆေးနေဆဲမို့ မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နှစ်နိုင်ငံ သဘောတူညီချက်အရ ၂ဝ၁၈ နိုဝင်ဘာလလယ်ပိုင်းမှာ ဒုက္ခသည် ပထမအသုတ်ကို စတင်လက်ခံမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က ရခိုင်ပြည်နယ်မှာ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေ ရှိနေတုန်းပဲဆိုတဲ့ အစီရင်ခံစာ ထွက်လာအပြီး သီတင်းတပတ်အကြာမှာ အခုလို သဘောတူညီခဲ့ကြတာပါ။

အဲဒီလို သဘောတူညီခဲ့ကြတဲ့ကိစ္စမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ဘင်္ဂလားဒေ့ရှ် အဖွဲ့အစည်းတွေကို တိုင်ပင်တာလည်းမရှိ၊ ကြေညာချက် ထုတ်ပြန်တာလည်းမတွေ့ရဘူးလို့ ဥရောပကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေအတွက် လုံလောက်တဲ့ လုံခြုံရေးနဲ့ ကတိကဝတ်တွေ ရှိ မရှိ မသိရဘူးလို့လည်း ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာနိုင်ငံ ပြန်ပို့မယ့် ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာ အကြမ်းဖက်မှု ကျူးလွန်ဖူးသူတွေပါဝင် မြန်မာနိုင်ငံ ပြန်ပို့မယ့် ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာ အကြမ်းဖက်မှု ကျူးလွန်ဖူးသူတွေပါဝင် Reviewed by THITHTOOLWIN on 11:32 Rating: 5
Powered by Blogger.