အမေရိကန် နိုင်ငံ က ဆော်ဒီအာရေဗျ နိုင်ငံ သတင်းထောက် အသတ်ခံရမှု နှင့် ပတ်သက်ကြောင်း သံသယ ရှိသူ ၁၇ ဦး အား ပိတ်ဆို့အရေးယူ

ဆော်ဒီအာရေဗျ နိုင်ငံ သတင်းထောက် လုပ်ကြံခံရသည့် တူရကီ နိုင်ငံ ဆိုင်ရာ ဆော်ဒီအာရေဗျ နိုင်ငံ ကောင်စစ်ဝန်ရုံး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
 ဝါရှင်တန် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က နိုဝင်ဘာ ၁၅ ရက် ၌ ဆော်ဒီအာရေဗျ နိုင်ငံ သတင်းထောက် အသတ်ခံရမှု နှင့် ပတ်သက်ကြောင်း သံသယ ရှိသူ ၁၇ ဦး အား ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ဆော်ဒီအာရေဗျ နိုင်ငံ အစိုးရ အဆင့်မြင့် အရာရှိ Saud al-Qahtani နှင့် ဆော်ဒီအာရေဗျ နိုင်ငံ အစ္စတန်ဘူလ် အခြေစိုက် ကောင်စစ်ဝန် စသည့် အစိုးရ အဖွဲ့ဝင် ၁၇ ဦး တို့  ပိတ်ဆို့အရေးယူမှု စာရင်း တွင် ပါဝင်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး က ပိတ်ဆို့အရေးယူ ခံရသူ များက ဆော်ဒီအာရေဗျ နိုင်ငံ သတင်းထောက် Jamal Khashoggi အသတ် ခံရမှု တွင် ပါဝင်ခဲ့ကြသူများ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Jamal Khashoggi က အမေရိကန် နိုင်ငံ သတင်းမီဒီယာ များအား သတင်းရေးသား ပေးပို့သူ တစ်ဦး ဖြစ်ပြီး ယခုနှစ် အောက်တိုဘာ ၂ ရက် တွင် တူရကီ နိုင်ငံ ဆိုင်ရာ ဆော်ဒီအာရေဗျ နိုင်ငံ ကောင်စစ်ဝန်ရုံး တွင် လက်ထပ်ရန်ရွက်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ သွားရောက် ပြုလုပ်စဉ် ပြန်လည် ထွက်ခွာ လာခဲ့ခြင်းမရှိတော့ဘဲ အောက်တိုဘာ ၂၀ ရက် တွင် ဆော်ဒီအာရေဗျ နိုင်ငံ အစိုးရ က ၄င်း အနေဖြင့် ကောင်စစ်ဝန်ရုံး အတွင် အခြားသူများနှင့် ခိုက်ရန် ဖြစ်ပွားသောကြောင့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ သို့သော် အောက်တိုဘာ ၂၅ ရက် တွင် ဆော်ဒီအာရေဗျ နိုင်ငံ က သတင်းထောက် Jamal Khashoggi အနေဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း ထပ်မံ ထုတ်ပြန်ကြေညာ ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန် နိုင်ငံ က ဆော်ဒီအာရေဗျ နိုင်ငံ သတင်းထောက် အသတ်ခံရမှု နှင့် ပတ်သက်ကြောင်း သံသယ ရှိသူ ၁၇ ဦး အား ပိတ်ဆို့အရေးယူ အမေရိကန် နိုင်ငံ က ဆော်ဒီအာရေဗျ နိုင်ငံ သတင်းထောက် အသတ်ခံရမှု နှင့် ပတ်သက်ကြောင်း သံသယ ရှိသူ ၁၇ ဦး အား ပိတ်ဆို့အရေးယူ Reviewed by THITHTOOLWIN on 12:28 Rating: 5
Powered by Blogger.