မွတ်စလင်တွေ ထိန်းသိမ်းထားမှု စိုးရိမ်ကြောင်း တရုတ်ကို ပြောကြ


 တရုတ်နိုင်ငံ အနောက်မြောက်ဘက်က ထိန်းသိမ်းရေးစခန်းတွေမှာ ထောင်နဲ့ချီတဲ့မွတ်စလင်တွေကို ထိန်းသိမ်းထားတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း နိုင်ငံတကာသံအမတ်ကြီး ၁၅ ယောက်က တရုတ်နိုင်ငံ ကို ပေးစာတစောင်ပို့ပြီး ပြောကြားခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက မနေ့ကပြောပါတယ်။

အကယ်၍ နိုင်ငံခြားသံတမန်တွေက အဲဒီမွတ်စလင်တွေကို ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံမြောက်ပိုင်း ရှင်ဂျန်း Xinjiang ပြည်နယ်က အာဏာပိုင်တွေကို ဖိအားပေးမယ်ဆိုရင် သူတို့အတွက် အခက်အခဲတွေဖြစ်လာလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ ဟွာချောင်ယင် က ဘေကျင်းမှာ နေ့စဉ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီသံအမတ်တွေရဲ့စာဟာ ဗီယင်နာကွန်ဗန်းရှင်းမှာ ပြဌာန်းထားတဲ့ သံတမန်တွေဟာ နိုင်ငံတခုရဲ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဘူးဆိုတဲ့အချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ မစ္စဟွာက ပြောပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က အင်ဒို-ပစိဖိတ်ဒေသမှာ ဧကရာဇ်လက်အောက်ခံအင်ပါယာတွေ၊ အဓမ္မမတရားဖိနှိပ်မှုတွေအတွက် နေရာမရှိပါဘူးလို့ ပြောခဲ့ပါတယ်။ အဲဒါဟာ တရုတ်နိုင်ငံမှာ မွတ်စလင်တွေကို ထိန်းသိမ်းရေးစခန်းတွေမှာ ချုပ်နှောင်ထားတဲ့အပေါ် ရည်ရွယ်ပြောတာလို့ မှတ်ချက်ပြုကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မွတ်စလင်တွေ ထိန်းသိမ်းထားမှု စိုးရိမ်ကြောင်း တရုတ်ကို ပြောကြ မွတ်စလင်တွေ ထိန်းသိမ်းထားမှု စိုးရိမ်ကြောင်း တရုတ်ကို ပြောကြ Reviewed by THITHTOOLWIN on 12:21 Rating: 5
Powered by Blogger.