ဘူးသီးတောင်မြို့တွင် စိတ်ကြွဆေးပြား တစ်သန်းနီးပါး ဖမ်းမိ


နိရဉ္စရာ၊ နိုဝင်ဘာ ၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် နိုဝင်ဘာ ၁ ရက် ယနေ့ နံနက်ပိုင်းက WY ယာဘား စိတ်ကြွဆေးပြား တစ်သန်းနီးပါး ဖမ်းမိရရှိခဲ့သည်ဟု သတင်းရရှိသည်။

“ စိတ်ကြွဆေးပြား ၉သိန်း ၇သောင်း ၅ထောင် ဖမ်းဆီးရမိပါတယ်။ စစ်တွေကနေ ဘူးသီးတောင်ကို ရောက်ရှိလာတဲ့ အောင်ကျော်မိုးသင်္ဘောကို ဆိပ်ကမ်းမှာ ရှာဖွေရာက မိတာပါ။ ငါးတွေထည့်လာတဲ့ သေတ္တာပုံးတွေအထဲမှာ ရောပြီး သိုဝှက်ယူဆောင်လာတာဖြစ်ပါတယ်။ ဒီနေ့ မနက် ၁၀ နာရီ အချိန်မှာ ရှာဖွေသိမ်းဆည်းနိုင်ခဲ့ပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ရဲမှူးကြီး ကျော်သူဝင်းက နိရဉ္စရာသို့ ပြောသည်။


သင်္ဘောပေါ်တွင် ပါလာသော ငါးပုံးများကို ဖွင့်ဖောက်စစ်ဆေးရာမှ WY စိတ်ကြွဆေးပြား အထုပ်ပေါင်း(၄) ထုပ်ကို တွေ့ရှိကြောင်း၊ စုစုပေါင်း ဆေးပြားအရေအတွက်မှာ ၉၇၅၀၀၀ ပြားဖြစ်ကြောင်း၊ လက်ရှိ ကာလပေါက်ဈေးတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၉၅၀၀ ခန့်ရှိကြောင်း ရဲမှူးကြီးက ဆက်လက် ပြောကြားသည်။


လက်ရှိ အချိန်တွင် စစ်တွေမှ ငါးပုံးများကို သင်္ဘောပေါ်သို့ တင်ပေးလိုက်သည့် ပစ္စည်းပိုင်ရှင်နှင့် ဘူးသီးတောင်မှ လက်ခံမည့်သူကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

သိန်းဇော်(မောင်တော)
Narinjara
https://www.facebook.com/Narinjara-151742128171206/
ဘူးသီးတောင်မြို့တွင် စိတ်ကြွဆေးပြား တစ်သန်းနီးပါး ဖမ်းမိ ဘူးသီးတောင်မြို့တွင် စိတ်ကြွဆေးပြား တစ်သန်းနီးပါး ဖမ်းမိ Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.