ကင်မရွန်းနိုင်ငံ စာသင်ကျောင်းတစ်ကျောင်းတွင် လူ ၈၂ ဦး ပြန်ပေးဆွဲခံရ

ကင်မရွန်းနိုင်ငံ စာသင်ကျောင်းတစ်ကျောင်းရှိ ကျောင်းသားကျောင်းသူများအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
 ယောင်အွန်ဒေး ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

ကင်မရွန်းနိုင်ငံ အနောက်တောင်ပိုင်းဒေသရှိ စာသင်ကျောင်းတစ်ကျောင်းတွင် နိုဝင်ဘာလ ၄ ရက်နေ့  ညပိုင်းက ကျောင်းသူကျောင်းသား ၇၉ ဦးနှင့် ကျောင်းဝန်ထမ်း ၃ ဦး ပြန်ပေးဆွဲခံရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး  Issa Tchiroma က  နိုဝင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ပြန်ပေးဆွဲခံရသော ကျောင်းသားကျောင်းသူများနှင့် ကျောင်းဝန်ထမ်းများကို  အမြန်ဆုံးဘေးကင်း လုံခြုံစွာနှင့်ကယ်ဆယ်နိုင်ရန် ရှာဖွေလျက်ရှိကြောင်း ၊ ပြန်ပေးဆွဲသူများမှာ အကြမ်းဖက်သမားများ ဖြစ်ကြောင်း Issa Tchiromaက ဆင်ဟွာကို ဖုန်းဖြင့် ပြောကြားခဲ့သည်။

ပြန်ပေးဆွဲမှုဖြစ်ပွားသည့် နေရာမှာ Bamendaမြို့ရှိ ပုဂ္ဂလိက စာသင်ကျောင်းတစ်ကျောင်းတွင် ဖြစ်ကြောင်း သိရသည်။

ကင်မရွန်းနိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ ပြင်သစ်ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကား ဖြစ် ကြောင်း ၊ အင်္ဂလိပ်ဘာသာစကားအသုံးပြုသည့် ဒေသ၏လူဦးရေသည် ၄င်းနိုင်ငံ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းရှိသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလမှစ၍  အင်္ဂလိပ်ဘာသာစကားအသုံးပြုသည့်ဒေသများတွင်  ဆန့်ကျင် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဒေသခံများက ဗဟိုအစိုးရသည် ၄င်းဒေသ၏ဖွံ့ဖြိုးရေးကို လျစ်လျူရှုထားကြောင်း အပြစ်တင်ဝေဖန်ကြသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ မှစ၍ ဆန့်ကျင် ဆန္ဒပြမှုများသည် လက်နက်ကိုင်ပဋိပက္ခအသွင်သို့ကူးပြောင်းလာပြီး အချို့ အစွန်းရောက် ခွဲထွက်ရေး ၀ါဒီက  အစိုးရဌာနများနှင့်စာသင်ကျောင်းများကို ပစ်မှတ်ထားကာ တိုက်ခိုက် မှုများ၊ပြန်ပေးဆွဲမှုများ လုပ်ဆောင်လျက်ရှိရာ  ကင်မရွန်းလုံခြုံရေးအင်အားစုများနှင့် ပဋိပက္ခ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ကင်မရွန်းနိုင်ငံ စာသင်ကျောင်းတစ်ကျောင်းတွင် လူ ၈၂ ဦး ပြန်ပေးဆွဲခံရ ကင်မရွန်းနိုင်ငံ စာသင်ကျောင်းတစ်ကျောင်းတွင် လူ ၈၂ ဦး ပြန်ပေးဆွဲခံရ Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.