တူမ မင်္ဂလာဆောင်ခြင်းအား သဘောမတူ၍ ဓါးကိုင်၍ မဏ္ဍပ်အားဖျက်ဆီးပြီး ရန်မူသောင်းကျန်းနေသူအား သေနတ်ဖြင့်ပြစ်ခတ်ဖမ်းဆီး


မုနိမြီ၊ နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့၊ (၁)ရပ်ကွက်၊ပိတောက်(၃)လမ်းနှင့် ပိတောက်(၁)လမ်းထောင့် တူမဖြစ်သူ မင်္ဂလာဆောင်ခြင်းအား သဘောမတူ၍ ဓါးကိုင်၍ မဏ္ဍပ်အားဖျက်ဆီးပြီး ရန်မူသောင်းကျန်းနေသူအား သေနတ်ဖြင့်ပြစ်ခတ်ဖမ်းဆီး ခဲ့ရကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ Munimary News Agencyသို့ ပြောကြားသည်။

"၂၀၁၈ ရက်နေ့ (၁၀)နာရီ မိနှစ် (၄၀)အချိန်ခန့်တွင်လှိုင်သာယာမြို့နယ် အမှတ်(၁)ရပ်ကွက် ပိတောက်(၃)လမ်း မ/၂၁၈ နေ ငါးမန်း(ခ)ဝင်းထွေး(၃၂)နှစ် ကျဘမ်းလုပ်ကိုင်သူသည် ၎င်း၏မိခင် ဒေါ်တင်မေ(၇၀)နှစ် လိပ်စာတူနေသူအား ဓါးဖြင့်ချိန်ရွယ် ရန်ပြုပြီးနောက် အကိုတော်စပ်သူ၏သမီးဖြစ်သူ မ-------လိပ်စာတူနေသူ၏ မင်္ဂလာဆောင်မဏ္ဍပ်အား ဓါးဖြင်ခုတ်ကာ ဖျက်ဆီးပြီးနောက် ဓါးကိုင်ဆောင်ကာ ရန်မူသောင်းကျန်းနေကြောင်း သတင်းအရ နယ်ထိမ်းတပ်ဖွဲ့မှ သက်သေ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်အတူ အဆိုပါနေရာသို့ သွားရောက်ရာ ငါးမန်း(ခ)ဝင်းထွေးအား အမှတ်(၁)ရပ်ကွက် ပိတောက်(၃)လမ်းနှင့် ပိတောက်(၁)လမ်းထောင့်တွင် ဆိုင်ကယ်ပေါ်ခွလျှက်အနေအထားဖြင့် လက်ထဲတွင် အရိုးအသွား(၂၂)လက်မခန့်ရှိ ငှက်ကြီးတောင်ဓါးဦးချွန်ဓါးရှည် တစ်ချောင်းကိုင်ဆောင်ထားကာ ခါးကြား၌လည်း အရိုးအသွား(၁၂)
လက်မခန့်ရှိ ဓါးဦးချွန်ဓါးမြောင်(၁)ချောင်းအားအသင့်ထိုးလျှက်တွေ့ရှိရသဖြင့် နထ ရဲတကချစ်သဲမှ ဓါးချရန်ပြောဆိုသော်လည်း လိုက်နာခြင်းမရှိသည့်အပြင် ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များအား ဓါးရှည်ကိုင်ဆောင်ပြီးပြေးခုတ်သဖြင့် ရဲတက ချစ်သဲမှMA 13သေနတ်ဖြင့်(၁)ချက်ဟန့်တားပြစ်ခတ်ခဲ့ရာ ငါးမန်း(ခ)ဝင်းထွေး၏လည်ပင်းယာဘက်အားထိမှန်ပြီး လည်ပင်းနောက်ဖက်မှကျည်ဖေါက်ထွက်ဒဏ်ရာရရှိထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းကိုင်ဆောင်သည့် ဓါး(၂)ချောင်းအားသက်သေများရှေ့ရှာဖွေပုံစံဖြင့် ရေးသွသ်းသိမ်းဆည်းခဲ့ပြီးနောက် တာဝန်ဝတ္တရားဆောင်ရွက်နေသည့် ပြည်သူ့ဝန်ထမ်းအားလက်ရောက်မှု ကျူးလွန်ခြင်း သေစေခြင်းကိုဖြစ်စေသော လူသက်မှု မြောက်နိုင်သည့်ကြံရွယ်ချက်ဖြင့် ငှက်ကြီးတောင်ဓါးရှည်(၁)ချောင်း ဓါးဦးချွန်(၁)ချောင်းတို့ဖြင့်ပြေးခုတ်ကာလူသက်မှု ကျူးလွန်ရန်ကြံစည်အားထုတ်ကျူးလွန်ခဲ့သူ ငါးမန်း(ခ)ဝင်းထွေးအား အရေးယူပေးပါရန် တိုင်တန်ခဲ့ကြောင်း" လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ငါးမန်း(ခ)ဝင်းထွေး အသက်(၃၂)နှစ် ကျဘမ်း မ/၂၁၈ ပိတောက်
(၃)လမ်း (၁)ရပ်ကွက် လှိုင်သာယာမြို့နယ်နေသူအားလှိုင်သာယာမြို့မရဲစခန်းမှ ပ၄၁၅၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၃၀၇ နှင့် ပ/၄၁၅၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၁၉(င)ဖြင့် နယ်ထိန်း ရဲ တပ်ကြပ်ချစ်သဲမှ တရားလို တိုင်တန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ငါးမန်း(ခ)ဝင်းထွေးမှာ လှိုင်သာယာမြို့မရဲစခန်းမှပ/၂၀၁၇/၂၀၁၇ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်ထောင်ဒဏ်(၆)လကျခံခဲ့ဖူးသူ တစ်ဦးဖြစ်သည်။

နိုင်(လှိုင်သာယာ)
Munimary News Agency
https://www.facebook.com/munimarynews/
တူမ မင်္ဂလာဆောင်ခြင်းအား သဘောမတူ၍ ဓါးကိုင်၍ မဏ္ဍပ်အားဖျက်ဆီးပြီး ရန်မူသောင်းကျန်းနေသူအား သေနတ်ဖြင့်ပြစ်ခတ်ဖမ်းဆီး တူမ မင်္ဂလာဆောင်ခြင်းအား သဘောမတူ၍ ဓါးကိုင်၍ မဏ္ဍပ်အားဖျက်ဆီးပြီး ရန်မူသောင်းကျန်းနေသူအား သေနတ်ဖြင့်ပြစ်ခတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.