မျက်နှာဖုံးစွပ်နှစ်ဦးမှ ဓါး၊ ပုဆိန်ဖြင့် ရွှေဆိုင်အား ၀င်လုမှု ဖြစ်ပွား


မုနိမြီ ၊ နိုဝင်ဘာလ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၊ အမှတ် ၂ ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်အား မျက်နှာဖုံးစွပ်ထား သူနှစ်ဦးက ဓါး၊ ပုဆိန်များကိုင်ဆောင်ကာ ဝင်ရောက်ပြီး ရွှေဆွဲကြိုး အကုံး ၃ဝ ခန့်အား လုယက်မှုဖြစ်ပွားခဲ့သည်ဟု လောက်ကိုင်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရပါသည်။

"အောက်တိုဘာလ ၂ ရက်၊ ညနေ ၆ နာရီ၊ ၄ဝ မိနစ်ခန့်တွင် မျက်နှာဖုံးစွပ်အမျိုးသားနှစ်ဦးက ဓါး၊ ပုဆိန်များ ကိုင်ဆောင်ကာ ရွှေဆိုင်အတွင်း ဝင်ရောက်ပြီး မှန်ကောင်တာများအား ရိုက်ခွဲခဲ့၍ ရွှေဆွဲကြိုးအကုံး ၃ဝ ခန့်အား လုယူကာ ညနေ ၆ နာရီ၊ ၄၅ မိနစ်ခန့်တွင် ရွှေဆိုင်နှင့် မျက်နှာချင်း ဆိုင်ရှိ မင်ဆူလမ်းသွယ် (၂)အတိုင်း ခြေလျင်ထွက်ပြေးသွားခဲ့ကြောင်း" စုံစမ်းသိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ရွှေထည်ပစ္စည်းများအား လုယူခဲ့သူ နှစ်ဦးကို ရဲတပ် ဖွဲ့မှ စုံးစမ်းရှာဖွေနေပြီး လောက်ကိုင်မြို့မရဲစခန်း(ပ) ၂၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၉၂/၄၂၇ (လုယက်မှု/ အကျိုးဖျက်ဆီးမှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

သုတ(မုနိမြီ) / ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန
https://www.facebook.com/munimarynews
မျက်နှာဖုံးစွပ်နှစ်ဦးမှ ဓါး၊ ပုဆိန်ဖြင့် ရွှေဆိုင်အား ၀င်လုမှု ဖြစ်ပွား မျက်နှာဖုံးစွပ်နှစ်ဦးမှ ဓါး၊ ပုဆိန်ဖြင့် ရွှေဆိုင်အား ၀င်လုမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 10:04 Rating: 5
Powered by Blogger.