အင်ဒိုနီးရှားလေယာဉ်ပျက်မှု ဘိုးရင်းကုမ္ပဏီကို တရားစွဲပြီ

 အောက်တိုဘာ ၂၉ ရက်နေ့က ပျက်ကျခဲ့သည့် အင်ဒိုနီးရှား Lion Air လေယာဉ်မှ အပျက်အစီးများ။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ ရက်နေ့က ပျက်ကျသွားတဲ့ အင်ဒိုနီးရှား Lion Air လေကြောင်းလိုင်းပိုင် Boeing 737-MAX ခရီးသည်တင်လေယာဉ်နဲ့ လိုက်ပါသေဆုံးခဲ့တဲ့ ခရီးသည်တဦးရဲ့ မိသားစုက ဘိုးရင်းကုမ္ပဏီကို တရားစွဲလိုက်ပါတယ်။

Pratama လို့ခေါ်တဲ့ အဲဒီခရီးသည်ဟာ ဆရာဝန်လူငယ်တစ်ဦးဖြစ်ပြီး လက်ထပ်တော့မယ့်ရက်ပိုင်းမှာ သေဆုံးခဲ့ရတာပါ။

ဘိုးရင်းကုမ္ပဏီထုတ် 737-MAX လေယာဉ်တွေမှာ တပ်ဆင်အသုံးပြုတဲ့ အင်ဂျင်စက်တွေဟာ လေးလံလွန်းတဲ့အတွက် လေထဲမှာ ပျံသန်းနေနိုင်အောင် ထိန်းသိမ်းပေးတဲ့စနစ်ကို ကုမ္ပဏီက ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီလို ကွန်ပြူတာနဲ့ထိန်းသိမ်းတဲ့စနစ်သစ် ပြောင်းလဲထားတာကို ဘိုးရင်းလေယာဉ်အသုံးပြုနေတဲ့ လေကြောင်းလိုင်းတွေ၊ လေယာဉ်မှူးတွေကို အသိပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

အခုပျက်ကျတဲ့လေယာဉ်ဟာ ပြီးခဲ့တဲ့သြဂုတ်လကမှ စတင်အသုံးပြုတဲ့ လေယာဉ်အသစ်ဖြစ်ပြီး ဒီစနစ်သစ်ကို နားမလည်တဲ့အတွက် ပျက်ကျတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့က အင်ဒိုနီးရှား Lion Air လေယာဉ်နဲ့ လိုက်ပါသွားသူ ၁၈၉ ဦးလုံး သေဆုံးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အင်ဒိုနီးရှားလေယာဉ်ပျက်မှု ဘိုးရင်းကုမ္ပဏီကို တရားစွဲပြီ  အင်ဒိုနီးရှားလေယာဉ်ပျက်မှု ဘိုးရင်းကုမ္ပဏီကို တရားစွဲပြီ Reviewed by THITHTOOLWIN on 07:12 Rating: 5
Powered by Blogger.