စည်းကမ်းမဲ့မှုတွေ ပိုမို အရေးယူနိုင်ခဲ့ဟု ဖေ့စ်ဘွတ်ပြောကြား

Photo- Facebook တည်ထောင်သူ Mark Zuckerberg ကို တွေ့ရစဉ်
ဖ့စ်ဘွတ် လူမှုမီဒီယာကုမ္ပဏီက အမုန်းတရားနဲ့အကြမ်းဖက်မှု အားပေးတဲ့သတင်းဖြန့်ချိမှုတွေကို စောင့်ကြည့်ပြီး အရင်ကထက် ပိုမိုအရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ခြောက်လအတွင်း အမည်အတုနဲ့ အသုံးပြုသူ သန်း ၁၅ဝဝ ကျော်ကို ပယ်ဖျက်ခဲ့တယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ အရင် ခြောက်လကာလအတွင်း သန်းပေါင်း ၁၃ဝဝ ကျော်သာ ပယ်ဖျက်တားဆီးနိုင်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် တိုးတက်မှု ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ကုမ္ပဏီက ထုတ်ပြန်ထားတဲ့ လက်စွဲမှာတော့ အကြမ်းဖက်လှုံ့ဆော်မှု၊ လိင်ကိစ္စဖြန့်ချိမှု၊ အနိုင်ကျင့်မှုနဲ့ သတင်းအတုတွေကို ဖယ်ရှားမယ်လို့ ဖော်ပြထားပါတယ်။

ဖေ့စ်ဘွတ်ကုမ္ပဏီဟာ အဲဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ နှောင့်နှေးကြန့်ကြာတာ၊ လမ်းကြောင်းလွဲတာတွေ ရှိနေတယ်လို့ နယူးယောက်တိုင်းမ်သတင်းစာက ဗုဒ္ဓဟူးနေ့မှာ ရေးသားခဲ့ပြီး နောက်တနေ့မှာ ဖေ့စ်ဘွတ်ကုမ္ပဏီရဲ့ကြေညာချက် ပေါ်ထွက်လာတာဖြစ်ပါတယ်။

ဒါ့အပြင် ဖေ့စ်ဘွတ်ကုမ္ပဏီတည်ထောင်သူ မာ့ခ်ဇတ်ကာဘတ် (Mark Zukerberg) က… ဖေ့စ်ဘွတ် သုံးစွဲမှု တားမြစ်ပိတ်ပင်ခံရသူတွေက အယူခံလျှောက်ထားတာတွေကို ပြန်လည်သုံးသပ်မယ့် လွတ်လပ်တဲ့အဖွဲ့တခု တည်ထောင်မယ်လို့လည်း မနေ့က ပြောပါတယ်။

လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ခွင့်နဲ့ လုံခြုစိတ်ချမှုလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ မိမိတို့ကုမ္ပဏီရဲ့ သဘောထားတခုတည်းနဲ့ မဆောင်ရွက်သင့်ပါဘူး၊ ဒါကြောင့် ပိတ်ပင်ဖယ်ရှားတဲ့ ကိစ္စတွေမှာ တာဝန်ခံမှု ပိုပြီးရှိဖို့အတွက် အယူခံတွေကို လွတ်လွတ်လပ်လပ် သုံးသပ်မယ့်အဖွဲ့အစည်း တည်ထောင်မှာဖြစ်တယ်လို့ မာ့ခ်ဇတ်ကာဘတ်က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
စည်းကမ်းမဲ့မှုတွေ ပိုမို အရေးယူနိုင်ခဲ့ဟု ဖေ့စ်ဘွတ်ပြောကြား စည်းကမ်းမဲ့မှုတွေ ပိုမို အရေးယူနိုင်ခဲ့ဟု ဖေ့စ်ဘွတ်ပြောကြား Reviewed by THITHTOOLWIN on 07:14 Rating: 5
Powered by Blogger.