မလေးရှားမှာ တရားမ၀င်ရောက်ရှိသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ Port Dickson က ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများ
မလေးရှား နိုင်ငံဆလန်ကော လူဝင်မှုကြီးကြပ်ရေး ဗျူရိုက ထုတ်ပြန်ချက်အရ အခုရက်ပိုင်းအတွင်း ဆလန်ကောပြည်နယ် စီးပွားရေးဇုံက စက်ရုံကြီးနှစ်ရုံကို လ၀က နဲ့ ရဲတပ်ဖွဲ့ တွေ ပူးပေါင်းပြီး အော်ပရာစီ လို့ခေါ်တဲ့ စီမံချက် အနေနဲ့ ၀င်ရောက်စစ်ဆေးခဲ့ရာမှာ နိုင်ငံခြားသားအလုပ်သမား ၆၆၅ဦးဟာတရားမ၀င်နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ အတွက် ဖမ်းဆီးစစ်ဆေးခဲ့ရာမှ ဒီထဲမှာမြန်မာနိုင်ငံသား ၁၅၀ကျော်ပါဝင်တယ်လို မလေးအာဏာပိုင်တွေက ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးမာ ကသတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ နိုဝင်ဘာလ လဆန်းပိုင်းကစပြိး အဖမ်းအဆီးတွေလုပ်ရာမှာ မြန်မာတွေ အလုပ်လုပ်ကိုင်နေတဲ့ ဆလန်ကောပြည်နယ်အတွင်းက စက်ရုံတွေကိုဝင်ေ၇ာက်ဖမ်းဆီးခဲ့တာပါ ဒီထဲမှာမြန်မာတွေ ရာဂဏန်းနဲ့ အဖမ်းအဆီးခံခဲ့ရပါတယ် မလေးရှားနိုင်ငံ မြန်မာသံရုံးကို ကိုယ်စားပြုပြီး ထိမ်းသိမ်းေ၇းစခန်းတွေက မြန်မာတွေကိုသွားရောက်ကူညီပေးနေတဲ့ ကိုသီဟမောင်မောင်ကတော့ အခုလိုပြောပြပါတယ်။

“ကြိုကြားကြိုကြားဖမ်းနေတာ။ ဆလန်ကောဆိုတာ ပြိးခဲ့တဲ့ရက်ကတော့ Panasonic TVတွေလုပ်တဲ့စက်ရုံမှာ တော့လူ၂၀၀လောက်ပါသွားတယ်။ နိုင်ငံခြားသားတွေကို ဖမ်းတာပေါ့ မြန်မာတွေ လည်းပါတယ် အဓိကတော့စက်ရုံအကြီးကြီးတွေကို ၀င်တယ် သူတို့သတ်မှတ်ထားတဲ့ အိုဗာစတေး (နိုင်ငံကူးလက်မှတ်ဗီဇာသက်တမ်းလွန်)တဲ့ သူတွေနဲ့အဓိက လည်ပတ်နေတဲ့စက်ရုံတွေပေါ့။”

မလေးရှားနိုင်ငံရဲ့ တရားမ၀င် အလုပ်သမားဆိုင်ရာ ဥပဒေ ပုဒ်မ၂၁ အရ ညှိစွန်းနေကြသူ တွေမှာ မြန်မာနိုင်ငံသား ၁၅၆ ဦး၊ ဘင်္ဂလားဒေရု် ၈၄ဦး ၊အင်ဒိုနီးရှား ၂၅ ဦးနဲ့  ကျန်အလုပ်သမားတွေဟာ အန္ဒိယ နဲ့  ပါကစ္စတန် နိုင်ငံသားတွေဖြစ်တယ်လို့  မလေးအာဏာပိုင်တွေကဆိုပါတယ်။

မြန်မာတွေကတော့ များသောအားဖြင့် အလည်ဗီဇာတွေနဲလာပြိး အလုပ်လုပ်ကိုင်နေကြတာတွေ အလုပ်လုပ်ခွင့်လက်မှတ်တွေမရှိပဲအလုပ်လုပ်နေကြတာတွေကြောင့် ဖမ်းဆိးခံရတာဖြစ်တယ်လို့ ကိုသီဟမောင်မောင်ကဆိုပါတယ်။

“များသောအားဖြင့် အဲဒီမှာလုပ်နေသူတွေက တရားမ၀င်တဲ့သူတွေများတယ် လေ တရားမ၀င်တဲ့သူတွေကိုပဲအဓိက စီစစ်တာပေါ့။ ဆိုလိုတာကပတ်စပို့တွေနဲ့ ၀င်လာတယ် အလည်ဗီဇာတွေနဲ့ဝင်လာတာယ် ပါမစ်မရှိကြဘူးတချို့ ကတော့ မလေးရှားမှာနေတာကြာပြီပေါ့နော် ပတ်စပို့တော့ရှိတယ်။ ပါမစ်မရှိကြဘူး။ အဲဒီလို လူမျိုးတွေကိုပဲအဓိက ထားဖမ်းတာ။”

နိုင်ငံခြားသားအလုပ်သမားတွေမှာ အသက်၁၈ နှစ်မပြည့်သေတဲ့ လူငယ်တွေပါပါဝင်နေပြီး တချိုကတော့ လူကုန်ကူးသူတွေနဲ့လာကြပြိး မလေးရှားနိုင်ငံထဲမှာ တရားမ၀င်အလုပ်လုပ်နေကြသူများဖြစ်ကြတယ်လို့ ဆိုပါတယ်

မလေးရှားနိုင်ငံမှာ တရားမ၀င် နိုင်ငံခြားသားအလုပ်သမားတွေ စစ်ဆေးဖမ်းဆီးမှုတွေ ပိုများလာနေပြီး ကွာလာလမ်ပူ မြို့ က အကြီးဆုံး ကုန်စိမ်းဒိုင် မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို ၀င်ရောက် ဖမ်းဆီးတဲ့အခါမှာ ဖမ်းဆီးတဲ့ အရာရှိတွေကို မြန်မာနိုင်ငံသားတဦးက ငြုပ်ကောင်းစပရေးဗူး နဲ့စက္ကူဖြတ်ဓါးကို သုံးပြီ့း  ပြန်လည်တိုက်ခဲ့လို့  လေးဦးဒဏ်ရာရသွားခဲ့တယ်လို့  မလေးရှားနိုင်ငံ sinarharianသတင်းမှာဖေါ်ပြထားပါတယ်။

မြန်မာ အလုပ်သမားလူဝင်မူကြီးကြပ်ေ၇းနဲ့ ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွန်ကြားမူဦးစီးဌာနရဲ့  စာရင်းအရ မလေးရှားမှာ တရားဝင်အလုပ်လုပ်နေကြသူ အလုပ်သမားပေါင်း ၂ သိန်းကျော်ရှိပြိး တခြားနည်းလမ်းတွေနဲ့ မလေးရှားကိုရောက်သွားသူအားလုံးပေါင်းရင် မလေးရှားမှာ မြန်မာအလုပ်သမား ၅ သိန်း ထက်မနည်းရှိတယ်ခန့်မှန်းထားပါတယ်။ အဲဒီထဲမှာ တရားမဝင် နေထိုင် အလုပ်လုပ်နေကြသူ သိန်းနဲ့ချီရှိပါတယ်ရှင်။

မအေးအေးမာ/ ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မလေးရှားမှာ တရားမ၀င်ရောက်ရှိသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ဖမ်းဆီးခံရ မလေးရှားမှာ တရားမ၀င်ရောက်ရှိသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 11:32 Rating: 5
Powered by Blogger.