ကြံ့ချိုမှောင်ခိုသူတွေကို ထိုင်းတရားရုံးက ထောင်ဒဏ်ချမှတ်


ထိုင်းနိုင်ငံကို အီသီယိုပီးယားနိုင်ငံကနေ အမေရိကန်ဒေါ်လာ တစ်သန်းခွဲတန်ဖိုးရှိတဲ့ ကြံ့ချိုတွေကို တရားမဝင် ခိုးသွင်းဖို့ ကြိုးစားခဲ့တဲ့ ထိုင်းအမျိုးသမီးနှစ်ဦးနဲ့ တရားရေးဝန်ထမ်းဟောင်း တစ်ဦးကို တရားရုံးက ဒီကနေ့ ထောင်ဒဏ်လေးနှစ်စီ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်မတ်လက ဘန်ကောက်မြို့က သုဝဏ္ဏဘူမိလေဆိပ်မှာ ကြံ့ချို ၂၁ ချောင်းထည့်ထားတဲ့ အိပ်တွေကို အကောက်ခွန်ဝန်ထမ်းတွေက ရှာဖွေဖို့ ကြိုးစားခဲ့ရာမှာ အစိုးရအရာရှိဟောင်းက ဝင်ရောက်ဟန့်တားပြီး ဝန်ထမ်းတွေကို လာဘ်ငွေပေးဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကို တားမြစ်ပစ္စည်းသွင်းယူရန် ကြိုးစားမှု၊ အခွန်ရှောင်မှုတွေနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

ကြံ့ချိုတွေကို အာရှတိုက်မှာ ဈေးကြီးပေးဝယ်ယူပြီး တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာမှာ သုံးစွဲလေ့ရှိပါတယ်။

အာဖရိကတိုက်မှာ ၂ဝ ရာစု အစပိုင်းက ကြံ့ကောင်ရေ ငါးသိန်းရှိခဲ့ပေမယ့် ခိုးယူသတ်ဖြတ်မှုတွေကြောင့် လက်ရှိမှာ ကောင်ရေ သုံးသောင်းလောက်သာ ကျန်တော့တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ကြံ့ချိုမှောင်ခိုသူတွေကို ထိုင်းတရားရုံးက ထောင်ဒဏ်ချမှတ် ကြံ့ချိုမှောင်ခိုသူတွေကို ထိုင်းတရားရုံးက ထောင်ဒဏ်ချမှတ် Reviewed by THITHTOOLWIN on 09:32 Rating: 5
Powered by Blogger.