မွတ်စလင်တွေအရေးနဲ့ ပတ်သက်လို့ စစ်တွေမြို့မှာ ကန့်ကွက်ဆန္ဒပြဖို့ ပြင်ဆင်

စစ်တွေမြို့ အဝင်ဝကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မောင်တောဒေသမှာ မွတ်စလင်လူငယ်တွေကို သင်ကြားရေး လက်ထောက်ဆရာတွေအဖြစ် ခန့်အပ်ဖို့ စီစဉ်တာ၊ မောင်တောတောင်ပိုင်းဒေသမှာ ပြန်လည်နေရာချထားဖို့ လျာထားတာ၊ ရမ်းဗြဲမြို့နယ်မှာ နိုင်ငံသားစီစစ်ရေးကတ်ပြားတွေ ထုတ်ပေးခဲ့တာတွေကို ကန့်ကွက်ရှုတ်ချဖို့အတွက် စစ်တွေမြို့မှာ သံဃာတော်တွေ နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဆန္ဒပြမှာဖြစ်ပြီး ရဲစခန်းမှာ ဒီနေ့ ခွင့်ပြုချက် တင်လိုက်တယ်လို့ ဦးဆောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

အရင် အစိုးရလက်ထက်တုန်းက ဖွဲ့စည်းခဲ့တဲ့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေးအဖွဲ့က ရဟန်းတော်တွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြုလုပ်ဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။

အခုလို ကန့်ကွက်ဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်တွေမြို့မှာ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org
မွတ်စလင်တွေအရေးနဲ့ ပတ်သက်လို့ စစ်တွေမြို့မှာ ကန့်ကွက်ဆန္ဒပြဖို့ ပြင်ဆင် မွတ်စလင်တွေအရေးနဲ့ ပတ်သက်လို့ စစ်တွေမြို့မှာ ကန့်ကွက်ဆန္ဒပြဖို့ ပြင်ဆင် Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.