ကင်မရွန်းနိုင်ငံတွင် ပြန်ပေးဆွဲခံရသော ကျောင်းသားကျောင်းသူ ၇၉ ဦးအား ပြန်လည်ကယ်ဆယ်နိုင်

ခွဲထွက်ရေးဝါဒီများလက်ထဲမှ ပြန်လည်ကယ်ဆယ်ထားသော ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်(ဆင်ဟွာ)
 ယောင်အွန်ဒေး ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

လွန်ခဲ့သောရက်အနည်းငယ်ခန့်က ကင်မရွန်းနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွင် ခွဲထွက်ရေးဝါဒီများ ၏ ပြန်ပေးဆွဲမှုကို ခံရသော ကျောင်းသားကျောင်းသူ ၇၉ ဦးနှင့် ကျောင်းယာဉ်မောင်း ၁ ဦးအား ပြန် လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး  Issa Tchiroma က နိုဝင်ဘာ ၇ ရက် တွင် ပြောကြားခဲ့သည်။

ယခုလ ၄ ရက်က Bamendaမြို့ရှိပုဂ္ဂလိကကျောင်းတစ်ကျောင်းတွင် ကျောင်းသားကျောင်းသူ ၇၉ ဦးနှင့် ကျောင်းဝန်ထမ်း ၃ ဦးကို အင်္ဂလိပ်ဘာသာစကားအသုံးပြုသည့်ဒေသမှ ခွဲထွက်ရေးသမားများ က ပြန်ပေးဆွဲခဲ့သည်။

ပြန်ပေးဆွဲသူများက ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းဆရာတစ်ဦးအား ၄င်းတို့ထွက်ပြေးသွားစဉ် ဓါးစာခံ အဖြစ် ခေါ်ဆောင်သွားကြောင်း Issa Tchiroma က နိုဝင်ဘာ ၇ ရက်တွင် ဆင်ဟွာကို ပြောကြား ခဲ့သည်။ ပြန်ပေးဆွဲခံရသော ကျောင်းသားကျောင်းသူများကို မည်သည့်အချိန်တွင် ကယ်ဆယ်ခဲ့သည် ကို ပြောကြားခြင်းမရှိသေးသော်လည်း ကယ်ဆယ်ခဲ့သော ကျောင်းသား ကျောင်းသူများသည် နိုဝင်ဘာ ၇ ရက် ညပိုင်းတွင် မိသားစုဝင်များနှင့် ပြန်လည်တွေ့ဆုံခဲ့ကြောင်း Issa Tchiromaက ပြောကြားခဲ့သည်။
ခွဲထွက်ရေးဝါဒီများလက်ထဲမှ ပြန်လည်ကယ်ဆယ်ထားသော ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်(ဆင်ဟွာ) 

ခွဲထွက်ရေးဝါဒီများလက်ထဲမှ ပြန်လည်ကယ်ဆယ်ထားသော ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်(ဆင်ဟွာ) 
ကင်မရွန်းနိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ ပြင်သစ်ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကား ဖြစ် ကြောင်း ၊ အင်္ဂလိပ်ဘာသာစကားအသုံးပြုသည့် ဒေသ၏လူဦးရေသည် ၄င်းနိုင်ငံ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းရှိသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလမှစ၍  အင်္ဂလိပ်ဘာသာစကားအသုံးပြုသည့်ဒေသများတွင်  ဆန့်ကျင် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဒေသခံများက ဗဟိုအစိုးရသည် ၄င်းဒေသ၏ဖွံ့ဖြိုးရေးကို လျစ်လျူရှုထားကြောင်း အပြစ်တင်ဝေဖန်ကြသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ မှစ၍ ဆန့်ကျင် ဆန္ဒပြမှုများသည် လက်နက်ကိုင်ပဋိပက္ခအသွင်သို့ကူးပြောင်းလာပြီး အချို့ အစွန်းရောက် ခွဲထွက်ရေး ၀ါဒီများက  အစိုးရဌာနများနှင့်စာသင်ကျောင်းများကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုများ၊ ပြန်ပေးဆွဲမှု များ လုပ်ဆောင်လျက်ရှိရာ  ကင်မရွန်းလုံခြုံရေးအင်အားစုများနှင့် ပဋိပက္ခ မကြာခဏဖြစ်ပွားလေ့ရှိ ကြောင်း သိရသည်။

ကင်မရွန်းနိုင်ငံ သမ္မတPaul Biyaက ၄င်းတာဝန်ထမ်းဆောင်သည့် ၇ နှစ်ကြာကာလအတွင်းတွင် ဗဟိုအာဏာချုပ်ကိုင်မှုများကို တစ်ဆင့်လျှော့ချသွားပြီး အင်္ဂလိပ်ဘာသာစကားအသုံးပြုသည့် ဒေသ များကို လွတ်လပ်ခွင့် ပိုမိုပေးအပ်သွားမည်ဟု နိုဝင်ဘာ  ၆ ရက်နေ့ ၄င်း၏ သမ္မတကျမ်းသစ္စာ ကျိမ်ဆိုပွဲတွင်  ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ကင်မရွန်းနိုင်ငံတွင် ပြန်ပေးဆွဲခံရသော ကျောင်းသားကျောင်းသူ ၇၉ ဦးအား ပြန်လည်ကယ်ဆယ်နိုင် ကင်မရွန်းနိုင်ငံတွင် ပြန်ပေးဆွဲခံရသော ကျောင်းသားကျောင်းသူ ၇၉ ဦးအား ပြန်လည်ကယ်ဆယ်နိုင် Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.