ယူကရိန်း အလယ်ပိုင်းတွင် Su-27 တိုက်ဂျက်လေယာဉ်ပျက်ကျ၍ လေယာဉ်မှူး ၂ဦးသေဆုံး

ယူကရိန်းတွင်ပျက်ကျခဲ့သည့် တိုက်ဂျက်လေယာဉ်အမျိုးအစားလေယာဉ် တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
ကိဗ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အလယ်ပိုင်း ၌ အောက်တိုဘာ ၁၆ရက်က လေ့ကျင့်ပျံသန်းမှု တစ်ခုအတွင်း Su-27 တိုက်ဂျက်လေယာဉ် တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းစစ်တပ် ဦးစီးချုပ် က ဖေ့ဘွတ်စာမျက်နှာ တွင် ရေးသားခဲ့သည်။

အဆိုပါလေယာဉ်သည် Vinnytsya ဒေသ ရှိ Ulaniv ရွာအနီးတွင် ဒေသစံတော်ချိန် ညနေ ၅း၀၀နာရီတွင် ပျက်ကြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမီဒီယာများက အဆိုပါ ဂျက်လေယာဉ်သည် Vinnytsya ဒေသ နှင့် အိမ်နီးချင်း Khmelnytsky ဒေသတွင် လက်ရှိလုပ်ဆောင်နေဆဲဖြစ်သည့် “Clear Sky-2018” နိုင်ငံတကာလေကြောင်းလေ့ကျင့်မှု ၏ အစိတ်အပိုင်းတစ်ခုတွင် ပါဝင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ယူကရိန်း အလယ်ပိုင်းတွင် Su-27 တိုက်ဂျက်လေယာဉ်ပျက်ကျ၍ လေယာဉ်မှူး ၂ဦးသေဆုံး ယူကရိန်း အလယ်ပိုင်းတွင် Su-27 တိုက်ဂျက်လေယာဉ်ပျက်ကျ၍ လေယာဉ်မှူး ၂ဦးသေဆုံး Reviewed by THITHTOOLWIN on 19:12 Rating: 5
Powered by Blogger.