မြိုင်ကြီးငူဆရာတော်ကြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ Bumrungrad Interna tional ဆေးရုံကြီးကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ပျံလွန်တော်မူ


လှိုင်းဘွဲ အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ

ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဦးသုဇနသည်ကျန်းမာရေးကြာင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Bumrungrad International ဆေးရုံကြီးကြီးတွင် ဆေးကုသမှု ခံယူစဉ် အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်း ထိုင်းစံတော်ချိန် ၉ နာရီ ၁၂မိနစ်၊ မြန်မာစံတော်ချိန် ၈နာရီ ၄၂ မိနစ်အချိန်တွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။

ဆရာတော်၏ ရုပ်ကလပ်ကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၂ နာရီတွင် ဘန်ကောက်မှတစ်ဆင့် မြဝတီမြို့နယ်စပ်ဂိတ်သို့ ပင့်ဆောင်လာမည်ဖြစ်ပြီး နံနက် ၈ နာရီအချိန်တွင် ချစ်ကြည်ရေးတံတား အမှတ်(၁) ထိပ်မှ ဖူးမျှော်ကြည်ညိုပူဇော်ကန်တော့ရန် မြဝတီမြို့နယ်သာသနာရေးမှုးအပါအဝင် နိုင်ငံရေးပါတီများ၊ ဘာသာရေးအသင်းအဖွဲ့များမှ ဦးဆောင်ကာ ယောဂီဝတ်ရွတ်အသင်းသူ/သားများဖြင့် ချစ်​ကြည်​​ရေးတံတား အမှတ်(၁)ထိပ်​မှစတင်​၍ မြဝတီမြို့အတွင်းသို့ ပင့်​​ဆောင်​အပူ​ဇော်​ခံမည်ဖြစ်ကြောင်းသိရသည်။


ထို့နောက် ဆရာတော်၏ ရုပ်ကလပ်တော်အား မြိုင်ကြီးငူဒေသသို့ ပြန်လည်ပို့ဆောင်ရာတွင် ဆရာတော်ကြီး၏ သာသနာပြုနောက်ဆုံးခရီးစဉ်အဖြစ်အနယ်နယ်အရပ်ရပ်မှ ဒါယိကာ/မများနှင့် ဒေသခံများ အများအပြား လိုက်ပါပို့ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

မြိုင်ကြီးငူဆရာတော် ဦးသုဇနသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ နို့ ထရွာဇာတိ ဖြစ်​ပြီးစ​ကောကရင်​ လူမျိုးဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပြီး ပျံလွန်တော်မူချိန် သက်တော် ၇၁ နှစ် သိက္ခာတော် ၅၂ ဝါရှိပြီး ကရင်ပြည်နယ်အတွင်း၌ သာသနာပြုလုပ်ငန်းများ အများအပြားလုပ်ကိုင်ခဲ့သည့်အတွက် ဆရာတော်ကြီးမှာ အနယ်နယ်အရပ်ရပ်ရှိ ဒါယိကာ၊ ဒါယိကာမ အများအပြား၏ ကြည်ညိုခြင်းခံရသည့်အပြင် ၁၉၉၄ ဒီဇင်ဘာလ နှင့် ၁၉၉၅ တို့တွင် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ခဲ့သည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကို ဦးဆောင်လမ်းညွှန်နိုင်ပြီးကရင်ပြည်နယ်၏ ငြိမ်းချမ်းရေး ဗိသုကာ သာသနာ့အာဇာနည်ပုဂ္ဂိုလ်အဖြစ်လည်းကောင်း ပျောက်ဆုံးနေသော ကရင်စာဖြစ်သည့် “ကြက်ယက်စာ” ကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့သည့် ဆရာတော်အဖြစ်လည်းကောင်းထင်ရှားသည့် ဆရာတော်ကြီးလည်းဖြစ်သည်။


ထို့ကြောင့် ဆရာတော်၏ ရုပ်ကလပ်အား မြဝတီမှ မြိုင်ကြီးငူအထူးဒေသသို့ သယ်ဆောင်ရာတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့မှ လက်ဆင့်ကမ်း၍ အနီးကပ်လိုက်ပါဆောင်ရွက်ပြီး လမ်းခရီးတစ်လျှောက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းခရီးကြန့်ကြာမှုမရှိစေရေးအတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များက မိတ်ဘက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/pg/Hpaannews.kayin

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ