လသာမြို့နယ် ၁၉ လမ်း၌ မီးပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်၍ ကလေးတစ်ဦးသေဆုံး


ရန်ကုန် အောက်တိုဘာ ၁၃
လသာမြို့နယ် အမှတ်(၄) ရပ်ကွက် ၁၉ လမ်း (အလယ်) ရှိ လေးထပ်တိုက်လေးလွှာညာဘက်ခန်း ပိုင်ရှင် ဦးအောင်သန်း၏ တိုက်ခန်း၌ အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်က မီးလောင်မှု ဖြစ်ပွား၍ ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

မီးလောင်ရာသို့ ပတ်ဝန်းကျင်နေအိမ်များရှိ မီးသတ်ဆေးဘူးများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၁၂ စီး၊ အုပ်ချုပ်ရေးယာဉ်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ကြသဖြင့် ညနေ ၃ နာရီခန့်တွင် မီးငြိမ်းသွား ခဲ့သည်။

မီးလောင်စဉ်အတွင်း အပေါ်ထပ် ထပ်ခိုး၌ အိပ်ပျော်ကျန်နေခဲ့သော အသက် ခုနစ်နှစ် အရွယ် မောင်အောင်ဟိန်းပိုင်မှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။ သေဆုံးသူအား ဖြူစင်မေတ္တာ ပရဟိတယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်။

မီးလောင်မှု ဖြစ်ပွားရခြင်းမှာ လျှပ်စစ်မီး ပလပ်ခုံ၌ တီဗွီနှင့် အားသွင်းကြိုးများ အားသွင်း ထားရာမှ အပူလွန်ကဲ၍ မီးလောင်ရခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ တိုက်ခန်းပိုင်ရှင်၏သမက်ဖြစ်သူ ဦးဇင်မိုးအောင်ကို လသာမြို့မရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရ သည်။

ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ