လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား၍ မိန်းမဖြစ်သူသေဆုံး


အောက်တိုဘာလ ၁၅ ရက်ေ်န့ ယနေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်ခန့် တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာ၌ လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား၍ မိန်းမဖြစ်သူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ကန်သာကျေးရွာနေ ထက်နေလင်း(ခ)ကိုထက်(၂၈)နှစ်၏ နေအိမ်သို့ အလည်ရောက်ရှိသည့် သူငယ်ချင်းဖြစ်သူ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၆)ရပ်ကွက်နေ နိုင်ဝင်း(၃၀)နှစ်နှင့် ၎င်း၏ ဇနီးဖြစ်သူ ရန်ကုန် တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မအေးမြတ်သူ(၂၂)နှစ်တို့ ငွေကြေးကိစ္စဖြင့် လင်မယားချင်း စကားများရန်ဖြစ်စဉ် ကိုနိုင်ဝင်းက အရိုးအသွား(၁၂)လက်မခွဲခန့်ရှိ ဓားဦးချွန်နှင့် ထိုးခဲ့သောကြောင့် မအေးမြတ်သူ တွင် ထိုးသွင်းဒဏ်ရာများရရှိကာ သေဆုံးသွား ခြင်း ဖြစ်သည်။

အဆိုပါလူသေဆုံးမှုအား အရေးယူပေးရန်တိုင်တန်း ချက်အရ နိုင်ဝင်း အား အေလာနယ်မြေရဲစခန်း (ပ)၁၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေး ယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား၍ မိန်းမဖြစ်သူသေဆုံး လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား၍ မိန်းမဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.