မြိတ်တွင် လူ ၃ ဦးမိုးကြိုးစက်ကွင်းမိပြီး ၁ ဦးသေဆုံး


27.10.2018

မြိတ်မြို့၊စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာတွင် အောက်တိုဘာ ၂၆ ရက်နေ့၊ မွန်းလွဲပိုင်းက လူ ၃ ဦး မိုးကြိုးစက်ကွင်းမိကာ ၁ ဦးသေဆုံးသွားကြောင်းသိရပါတယ်။

ကျွဲကူးကျေးရွာ၊ သုဝဏ္ဏရပ်ကွက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းအနီးမှာ လူ ၃ ဦးလမ်းပေါ်တွင်လမ်းလျှောက်နေချိန် မိုးရွာချတာကြောင့် လမ်းဘေးတဲအတွင်မိုးခိုနေစဉ် မိုးကြိုးစက်ကွင်းမိပြီး ဒဏ်ရာရှိခဲ့တာကြောင့် မြိတ်ပြည်သူ့ဆေးရုံသို့ တင်ပို့ ပေမယ့် အသက် ၂၁ နှစ်အရွယ် ထက်ကိုလင်းမှာ ရရှိဒဏ်ရာနှင့် သေဆုံးသွားပါတယ်။ ကျန်နှစ်ဦးမှာ ဆေးကုသခံယူရာ ပြန်လည်သက်သာနေပြီလို့ သိရပါတယ်။


မိုးကြိုးစက်ကွင်းမိ၍ သေဆုံးသွားသူ ထက်ကိုလင်းအတွက် ကျန်ရစ်သူမိသားစုဝင်အား လူကယ်ပြန်မှ ထောက်ပံ့ငွေ ၃ သိန်းပေးအပ်ခဲ့ကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/pg/Myat-Htut-Myeik-222869948053294
မြိတ်တွင် လူ ၃ ဦးမိုးကြိုးစက်ကွင်းမိပြီး ၁ ဦးသေဆုံး မြိတ်တွင် လူ ၃ ဦးမိုးကြိုးစက်ကွင်းမိပြီး ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 05:05 Rating: 5
Powered by Blogger.