ရွှေဘိုမြို့တွင် ဆိုင်ကယ်ခိုးယူသူအားစစ်ဆေးပေါ်ပေါက်ချက်အရ ဆိုင်ကယ်(၂၅)စီး ခိုးမှုများဖော်ထုတ်နိုင်


ရွှေဘို အောက်တိုဘာ(၂၇)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် အောက်တိုဘာလ(၂၇) ရက်နေ့က ဆိုင်ကယ်ခိုးယူသူအား စစ်ဆေးပေါ်ပေါက်ချက်အရထပ်မံ၍ ဆိုင်ကယ် ခိုးမှုများ ဖော်ထုတ်နိုင်ခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်မောင် ထံမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ဆိုင်ကယ်ခိုးမှုများ မကြာခဏ ဖြစ်ပွားနေလျှက်ရှိရာ ခိုးမှုများပေါ်ပေါက်စေရေးအတွက် ရွှေဘိုမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်မောင် ကိုယ်တိုင် အနီးကပ်ကြီးကြပ် မှုဖြင့် ဒုစခန်းမှူး ရဲအုပ်နေယုမောင် ဒုရဲအုပ်သိန်းနိုင်ဝင်းတို့ပါဝင်သော တပ်ဖွဲ့ဝင်များ၏ ကြိုးစားမှုဖြင့် ဆိုင်ကယ်(၂၅) စီး ခိုးယူမှုအားဖော်ထုတ်နိုင်ခဲ့ကြောင်းသိရသည် ရွှေဘိုမြို့မရဲစခန်း(ပ) ၈၇၁ /၂၀၁၈ ရာဇသတ်ကြီးပုဒ်မ-၃၇၉ အမှုမှတရားလို ဦးအောင်ကျော်ခိုင် သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၂၁) ရက်နေ့ ညနေ(၅)နာရီကျော်အချိန်ခန့်တွင် ရွှေဘိုမြို့ အမှတ်(၁)ရပ်ကွက်နေအိမ်မှ ရွှေဘိုမြို့ အမှတ်(၃) ရပ်ကွက်ရှိ " CD -DVD အခွေအရောင်းဆိုင်သို့
၎င်းပိုင်ဆိုင်ကယ် ယာဉ်အမှတ်မပါ SHAYAN - 125 အစိမ်းရောင် ဆိုင်ကယ်အား စီးနှင်းပြီး အခွေအရောင်းဆိုင်ရှေ့တွင် သော့တန်းလန်းဖြင့်ရပ်ထားစဉ် လူတစ်ဦးမှ ခိုးယူသွားသဖြင့် လိုက်လံဖမ်းဆီးရာ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းပိုင်ဆိုင်ကယ်အား ခိုးယူသွားသူအောင်မြင့်ထွန်း အား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းသောအမှုဖြစ်ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ကန့်ဘလူမြို့နယ်တွင် ဆိုင်ကယ်(၇)စီး ကျွန်းလှမြို့နယ်တွင် ဆိုင်ကယ်(၈)စီး ခင်ဦးမြို့နယ်တွင် ဆိုင်ကယ်(၆) စီး နှင့် ကောလင်းမြို့နယ်တွင် ဆိုင်ကယ်(၄) စီး စုစုပေါင်း ဆိုင်ကယ်(၂၅) စီးခိုးယူမှုများအား ဆိုင်ကယ်ခိုးယူခဲ့သူအောင်မြင့်ထွန်း ၏ ထွက်ဆိုချက်အရ သက်ဆိုင်ရာမြို့နယ်များသို့ အောက်တိုဘာလ(၂၄) ရက်နေ့ မှ အောက်တိုဘာလ(၂၇) ရက်နေ့အထိ သွားရောက်သိမ်းဆည်းခဲ့ရာ သက်သေခံဆိုင်ကယ်(၂၅) စီးအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်(၂၅) စီးအား ခိုးယူခဲ့သူ အောင်မြင့်ထွန်း (သ)၂၇ နှစ် (ဘ)ဦးစမန်း မှော်တောကျေးရွာကန့်ဘလူမြို့နယ် နေသူအား ရွှေဘိုမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်နေကြာင်း ရွှေဘိုမြို့မရဲစခန်းမှ သတင်းရရှိသည်။

မိုးသောက်(ရွှေဘို)
ခင်ဦးမြို့နယ် သတင်းစုံ
https://www.facebook.com/pg/khinu.youngclubnews
ရွှေဘိုမြို့တွင် ဆိုင်ကယ်ခိုးယူသူအားစစ်ဆေးပေါ်ပေါက်ချက်အရ ဆိုင်ကယ်(၂၅)စီး ခိုးမှုများဖော်ထုတ်နိုင်  ရွှေဘိုမြို့တွင် ဆိုင်ကယ်ခိုးယူသူအားစစ်ဆေးပေါ်ပေါက်ချက်အရ ဆိုင်ကယ်(၂၅)စီး ခိုးမှုများဖော်ထုတ်နိုင် Reviewed by THITHTOOLWIN on 06:41 Rating: 5
Powered by Blogger.