ဖေ့စ်ဘွတ် စာရင်း ၂၉ သန်း ဖောက်ထွင်းခိုးယူခံရ

Photo: MANDEL NGAN / AFP
 ဖေ့စ်ဘွတ် Facebook လူမှုမီဒီယာ ကုမ္ပဏီက သုံးစွဲသူ ၂၉ သန်းရဲ့စာရင်းတွေကို မသာမာသူတွေက ကွန်ပြူတာအင်တာနက်ကနေ ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်းနဲ့ အဲဒီပြဿနာကို အခု ကာကွယ်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဖေ့စ်ဘွတ်သုံးစွဲသူတွေအနေနဲ့ မိမိတို့ စာမျက်နှာကို ဖောက်ထွင်းခံရမှု ရှိမရှိ သိရှိနိုင်မယ့် ဝက်ဘ်ဆိုဒ်တစ်ခုကို Facebook က လမ်းညွန်ထားပြီး သူတို့ ကုမ္ပဏီကလည်း အဲဒီလို ဖောက်ထွင်းခံရသူတွေထံ တိုက်ရိုက်အကြောင်းကြားမယ်လို့ ပြောပါတယ်။ မနေ့က ထုတ်ပြန်ချက်အရ ဖောက်ထွင်းခံရတဲ့ စာရင်း ၂၉ သန်းရှိတဲ့အတွက် ပြီးခဲ့တဲ့ ၂ ပတ်အကြာက ကနဦး ခန့်မှန်းချက်ဖြစ်တဲ့ သန်း ၅ဝ ထက်များစွာ လျော့နည်းပါတယ်။ ဘယ်သူတွေက ဖောက်ထွင်းခဲ့သလဲဆိုတာကို ဖေ့စ်ဘွတ်က ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ အမေရိကန်ပြည်ထောင်စု ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ FBI က ဒီကိစ္စကို ထောက်လှမ်းနေတယ်လို့ပဲ ပြောပါတယ်။

ဖောက်ထွင်းသူတွေဟာ သုံးစွဲသူတွေရဲ့ အမည်၊ အင်တာနက် အီးမေးလ် လိပ်စာနဲ့ ဖုံးနံပါတ်တွေကို ရယူသွားခဲ့ကြောင်း၊ ဒါ့အပြင် ၂၉ သန်းထဲက ၁၄ သန်းရဲ့ နေရပ်ဇာတိမြို့တွေ၊ မွေးနေ့တွေအပြင် သူတို့နောက်ဆုံးရောက်ရှိသုံးစွဲတဲ့ နေရာတွေနဲ့ ရှာဖွေခဲ့တဲ့ အချက်အလက်တွေကိုပါ သိရှိသွားခဲ့ကြောင်းလည်း ဖေ့စ်ဘွတ်က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဖေ့စ်ဘွတ် စာရင်း ၂၉ သန်း ဖောက်ထွင်းခိုးယူခံရ ဖေ့စ်ဘွတ် စာရင်း ၂၉ သန်း ဖောက်ထွင်းခိုးယူခံရ Reviewed by THITHTOOLWIN on 09:52 Rating: 5
Powered by Blogger.