ဖိလစ်ပိုင်နိုင်ငံ ကုလ လူ့အခွင့်ရေးကောင်စီ အဖွဲ့ဝင်ဖြစ်ပြီ

Photo: Fabrice COFFRINI / AFP
မူးယစ်ဆေးဝါးတိုက်ဖျက်ချိန်မှာ လူပါသတ်ပြီး နှိမ်နင်းတဲ့အတွက် ဒူတာတေးအစိုးရကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေပါတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားပေမယ့် ဖိလစ်ပိုင်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင်နိုင်ငံအဖြစ် မနေ့က ရွေးချယ်လိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံက မနေ့က ရွေးချယ်တဲ့ ကောင်စီဝင်သစ် ၁၈ နိုင်ငံမှာ ဖိလစ်ပိုင်ပါ ပါဝင်တာပါ။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်မှုမှာ ရဲနဲ့ ပဋိပက္ခဖြစ်ပွားပြီး လူ ၄၈၀၀ ကျော် သေဆုံးတယ်လို့ အစိုးရကပြောပေမယ့် ဒီထက်မက သေဆုံးရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လူ့အခွင့်အရေးချိုးဖောက်တဲ့မှတ်တမ်းရှိတဲ့ နိုင်ငံတွေပါဝင်တယ်လို့ အမေရိကန်ပြည်ထောင်စုက ရှုမြင်ပြီး ဇွန်လမှာ ကောင်စီက နုတ်ထွက်သွားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဖိလစ်ပိုင်နိုင်ငံ ကုလ လူ့အခွင့်ရေးကောင်စီ အဖွဲ့ဝင်ဖြစ်ပြီ ဖိလစ်ပိုင်နိုင်ငံ ကုလ လူ့အခွင့်ရေးကောင်စီ အဖွဲ့ဝင်ဖြစ်ပြီ Reviewed by THITHTOOLWIN on 09:54 Rating: 5
Powered by Blogger.