သေနတ်ကိုင်မယ်လို့ ဦးဝီရသူ မိန့်

ဆရာတော် ဦးဝီရသူ ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပတဲ့ တပ်မတော် ထောက်ခံပွဲမှာ တွေ့ရစဉ်/ Photo: Thant Zin Oo/RFA
ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်တွင်းကို နိုင်ငံတကာက အရေးယူအပြစ်ပေးတာတွေ ဝင်ရောက်လာမယ်ဆိုရင် သူကိုယ်တိုင် သေနတ်ကိုင်မယ်လို့ အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ ဆရာတော် ဦးဝီရသူက မိန့်လိုက်ပါတယ်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပတဲ့ နိုင်ငံတော်နဲ့ တပ်မတော်အပေါ် ဖိအားပေး စွက်ဖက်နေတဲ့ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ဆန့်ကျင်ရှုတ်ချပွဲမှာ ဆရာတော် ဦးဝီရသူ က အဲဒီလို ဟောပြောခဲ့ တာဖြစ်ပါတယ်။

အမျိုးသားရေးအင်အားစုတွေ ဦးဆောင်ကျင်းပတဲ့ ကန့်ကွက်ရှုတ်ချပွဲမှာ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနဲ့ ဦးဝင်းကိုကိုလတ်တို့လည်း ဟောပြောခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
သေနတ်ကိုင်မယ်လို့ ဦးဝီရသူ မိန့် သေနတ်ကိုင်မယ်လို့ ဦးဝီရသူ မိန့် Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.