ထိုင်းမှာ ပြည်ဝင်ခွင့်ဗီဇာ စည်းမျဉ်းချိုးဖေါက်သူ နိုင်ငံခြားသားတွေကို အရေးယူ

Photo: ROMEO GACAD / AFP
ထိုင်းနိုင်ငံမှာ ပြည်ဝင်ခွင့်ဗီဇာ စည်းမျဉ်းချိုးဖေါက်သူ နိုင်ငံခြားသားတွေကို စစ်ဆင်ရေးတရပ်အနေနဲ့ အရေးယူ ဆောင်ရွက်နေပါတယ်။

သာယာလှပတဲ့ကမ်းခြေတွေရှိပြီး၊ နေထိုင်မှုစရိတ်သက်သာတဲ့အတွက် ထိုင်းနိုင်ငံကို နှစ်စဉ် သန်းနဲ့ချီတဲ့ နိုင်ငံခြားသားခရီးသည်တွေ လာရောက်လည်ပတ်နေကြတာပါ။

ဒါပေမဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတာ၊ နယ်စပ်လုံခြုံရေး ကျိုးပေါက်မှု နဲ့ အကျင့်ပျက် ခြစားမှုတွေကြောင့် ထိုင်းဟာ နိုင်ငံစုံ ရာဇ၀တ်မှုတွေ စုဆုံရာနေရာတစ်ခု ဖြစ်လာနေပါတယ်။ ဒါကြောင့် ထိုင်းအာဏာပိုင်တွေက X-Ray စစ်ဆင်ရေးဆိုတဲ့ စီမံချက်တရပ်ကို မနှစ်က စတင်ချမှတ် ဆောင်ရွက်ခဲ့ပါတယ်။

အခုလတ်တလော သီတင်းပတ်တွေအတွင်း လူ တစ်ထောင်ကျော် ဖမ်းဆီးခဲ့ရာမှာ အများစုဟာ ပတ်ဝန်းကျင်နိုင်ငံတွေက ဗီဇာသက်တမ်း ကျော်လွန်နေထိုင်နေကြသူတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုအခါ နိုင်ဂျီးရီးယား၊ ယူဂန်ဒါ၊ မာလီ စတဲ့ အာဖရိကနိုင်ငံသူ၊ နိုင်ငံသားတွေပါ လိင်လုပ်ငန်းနဲ့ မူးယစ်ဆေးလုပ်ငန်းတွေမှာ ပါဝင်လာနေကြတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ထိုင်းမှာ ပြည်ဝင်ခွင့်ဗီဇာ စည်းမျဉ်းချိုးဖေါက်သူ နိုင်ငံခြားသားတွေကို အရေးယူ ထိုင်းမှာ ပြည်ဝင်ခွင့်ဗီဇာ စည်းမျဉ်းချိုးဖေါက်သူ နိုင်ငံခြားသားတွေကို အရေးယူ Reviewed by THITHTOOLWIN on 09:46 Rating: 5
Powered by Blogger.