တရုတ် နဲ့ အာဆီယံ ပူးတွဲရေကြောင်းလေ့ကျင့်မှု စတင်

Photo: Handout/ AFP
တရုတ် နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ပူးတွဲရေကြောင်းလေ့ကျင့်မှု တနင်္လာနေ့က စတင်ခဲ့ပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင် ပြဿနာ နဲ့ ပတ်သက်ပြီး နိုင်ငံတွေကြား တင်းမာမှုတွေ လျှော့ပါးသွားရေးအတွက် ရည်ရွယ်ဆောင်ရွက်တာလို့ AFP သတင်းက ဖေါ်ပြပါတယ်။
တရုတ်ပြည်တောင်ပိုင်း ကွမ်တုံးပြည်နယ် ရှန်ကျန်းဆိပ်ကမ်းကနေ စစ်သည် ၁၂၀၀ ပါ စစ်သင်္ဘော ၈ စင်း ပါဝင်လေ့ကျင့်ခဲ့ကြတာပါ။ သီတင်းတစ်ပတ်ကြာ လေ့ကျင့်ကြမှာဖြစ်ပါတယ်။

လေ့ကျင့်မှုမှာ စင်္ကာပူ၊ ဘရူနိုင်း၊ ထိုင်း၊ ဗီယက်နမ် နဲ့ ဖိလစ်ပိုင် ရေတပ်တွေ ပါဝင်ခဲ့ကြပြီး၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နဲ့ မလေးရှား တို့က လေ့လာသူတွေ စေလွှတ်ခဲ့ကြကြောင်း CCTV သတင်းက ဖေါ်ပြပါတယ်။

လေ့ကျင့်မှု အခမ်းအနားဖွင့်ပွဲမှာ တရုတ် ကာကွယ်ရေးဝန်ကြီးက ပူးတွဲရေကြောင်းလေ့ကျင့်မှု တွေကနေ အပြန်အလှန်ယုံကြည်မှု၊ တရုတ် နဲ့ အာဆီယံကြား စစ်ရေးဆိုင်ရာ ဆက်သွယ်မှု၊ ရေကြောင်းလုံခြုံရေး နဲ့ ပြင်ပခြိမ်းခြောက်မှုတွေအပေါ် ပူးပေါင်းကာကွယ်ရေး စတဲ့ကဏ္ဍတွေမှာ တိုးတက်မှုတွေ ရရှိလာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

စင်္ကာပူရေတပ်အကြီးအကဲကလည်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရရှိလာမယ့် လုံခြုံရေး နဲ့ စီးပွားရေး အကျိုးအမြတ်တွေအကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
တရုတ် နဲ့ အာဆီယံ ပူးတွဲရေကြောင်းလေ့ကျင့်မှု စတင် တရုတ် နဲ့ အာဆီယံ ပူးတွဲရေကြောင်းလေ့ကျင့်မှု စတင် Reviewed by THITHTOOLWIN on 09:48 Rating: 5
Powered by Blogger.