ပုဇွန်တောင်တွင် ဆိုင်ကယ်ဖြင့်ရွှေဆွဲကြိုးလုပြေးသူကိုဖမ်းမိ။ လုယက်မှုပေါင်း(၁၅)မှုကိုကျူးလွန်ထားသူဖြစ်နေ


ပုဇွန်တောင်မြို့နယ်အတွင်း ဆိုင်ကယ်နဲ့ရွှေဆွဲကြိုးလုယူသူကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန် ပါတယ်။ အောက်တိုဘာ(၁၀)ရက် မနက်(၈)နာရီခွဲက ပုဇွန်တောင် မြို့နယ်၊(၁)ရပ်ကွက်၊ အနော်ရထားလမ်းနေ အမျိုးသမီးတစ်ဦးဟာ ရေကျော်ဈေးကိုသွားဖိုအ့တွက် သမီးဖြစ်သူနဲ့အတူ (၄၉)လမ်းအတိုင်း လမ်းလျှောက်လာစဉ် မျက်နှာချင်းဆိုင်မှ အနက်ရောင်ဆိုင်ကယ်ကို မောင်းနှင်လာတဲ့ အမည်မသိအမျိုးသားတစ်ဦးက အဲဒီအမျိုးသမီး ၀တ်ဆင်ထားတဲ့ ရွှေဆွဲကြိုးကို လုယူပြီးဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့ ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေပူးပေါင်းစုံးစမ်းခဲ့ရာမှာအောက်တိုဘာ(၂၆)ရက်မွန်းလွဲပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၁၆၈)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနေ ကိုကိုဦး(ခ)ကိုဦးကို မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ထားသူဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဒါ့အပြင် ပုဇွန်တောင်မြို့နယ်၊ တာမွေမြို့နယ်၊ ဗိုလ်တထောင်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့မှာ ၄င်းထပ်မံကျူးလွန်းထားတဲ့ လုယက်မှုပေါင်း(၁၅)မှုကိုလည်း ထပ်မံဖော်ထုတ်နို်င်ခဲ့ပြီး ထိရောက် ပြစ်ဒဏ်ရရှိရေးအတွက် ဥပဒေနဲ့အညီ ဆက်လက် အရေးယူ ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

One News Myanmar
https://www.facebook.com/pg/onenewsmyan
ပုဇွန်တောင်တွင် ဆိုင်ကယ်ဖြင့်ရွှေဆွဲကြိုးလုပြေးသူကိုဖမ်းမိ။ လုယက်မှုပေါင်း(၁၅)မှုကိုကျူးလွန်ထားသူဖြစ်နေ ပုဇွန်တောင်တွင် ဆိုင်ကယ်ဖြင့်ရွှေဆွဲကြိုးလုပြေးသူကိုဖမ်းမိ။ လုယက်မှုပေါင်း(၁၅)မှုကိုကျူးလွန်ထားသူဖြစ်နေ Reviewed by THITHTOOLWIN on 11:43 Rating: 5
Powered by Blogger.