ကျပ်သိန်း(၆၀၀၀)ကျော်တန်ဘိုးရှိ ကျောက်မျက်ရတနာရွှေထည်ပစ္စည်းများ ခိုးယူသွားသူအား ဖမ်းဆီးရမိ


ကားပေါ်မှာ ပျောက်ဆုံးသွားတဲ့ ကျပ်သိန်း(၆၀၀၀)ကျော်တန်ဖိုးရှိ ကျောက်မျက်ရတနာရွှေထည်ပစ္စည်းတွေ ခိုးယူသူကို အောက်တိုဘာ(၂၈)ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
လမ်းမတော်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ အောက်တိုဘာ(၂၆)ရက်က ကမာရွတ်မြို့နယ်အတွင်းမှာ ကားခဏရပ်ထားခဲ့စဉ် ကားပေါ်မှာ ထားရှိတဲ့ ကျောက်မျက်ရတနာ ပစ္စည်းတွေကို ယာဉ်မောင်းဖြစ်သူ ကျော်သူရ က ခိုးယူထွက်ပြေးသွားတဲ့အတွက် ကမာရွတ်မြို့မရဲစခန်း ကို လာရောက် တိုင်ကြားခဲ့ပါတယ်။

အခုလို တိုင်ကြားခဲ့တဲ့အတွက် ရဲစခန်းက (ပ) ၇၄၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁ နဲ့ အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါတယ်။ ဒီအခါ အောက်တိုဘာ(၂၈)ရက် ည(၈)နာရီမှာ ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်မှာ ကျူးလွန်သူ ယာဉ်မောင်းကို အနက်ရောင် ကျောပိုးအိတ်အတွင်းမှာ သက်သေခံပစ္စည်းတစ်ချို့နဲ့ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ ယာဉ်မောင်းကို စစ်ဆေးမေးမြန်းရာ ခိုးယူသွားတဲ့ ကျောက်မျက်ရတနာ တချို့ကို အထည်ဖျက် ပြုလုပ်ပေးတဲ့ ကြည့်မြင့်တိုင်မြို့နယ်မှာနေထိုင်သူ အောင်နေမျိုးရဲ့ နေအိမ်မှာ အပ်နှံ၊ ၀ယ်ယူရောင်းချထားတဲ့ သက်သေခံပစ္စည်းတွေကိုပါ ဆက်လက်သိမ်းဆည်း ရမိခဲ့ပါတယ်။
အဲဒီအတွက် ခိုးယူသူ ယာဉ်မောင်း ကျော်သူရနဲ့ ပစ္စည်းလက်ခံ ရောင်းဝယ်သူ အောင်နေမျိုးတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ် လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

One News Myanmar
https://www.facebook.com/pg/onenewsmyan
ကျပ်သိန်း(၆၀၀၀)ကျော်တန်ဘိုးရှိ ကျောက်မျက်ရတနာရွှေထည်ပစ္စည်းများ ခိုးယူသွားသူအား ဖမ်းဆီးရမိ ကျပ်သိန်း(၆၀၀၀)ကျော်တန်ဘိုးရှိ ကျောက်မျက်ရတနာရွှေထည်ပစ္စည်းများ ခိုးယူသွားသူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 11:21 Rating: 5
Powered by Blogger.