ဘုန်းကြီးတစ်​ပါး သီတင်းသုံးရာ ​ကျောင်း​အတွင်းမှ ဘိန်းဖြူများ ဖမ်းမိ


အောက်​တိုဘာ ၁၆

မန္တ​လေးမြို့​ခရိုင် ပုသိမ်​ကြီးမြို့နယ်​အတွင်းရှိ ရန်​ကင်း​တောင်​​ခြေရှိ ဘုန်း​တော်​ကြီး​ကျောင်းတိုက်​တစ်​ခုတွင် ဘုန်းကြီးတစ်​ပါး သီတင်းသုံးရာ ​ကျောင်း​အတွင်းမှ အောက်တိုဘာလ ၁၅ ရက်နေ့က ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ က သိရသည် ။

ရန်ကင်းတောင်ပတ်လမ်း သတိပဌာန်ကျောင်းတိုက်ဝန်း သီရိရတနာရန်အောင်မြေကျောင်းဆောင် တောင်ဘက်အစွန်ဆုံးခန်းတွင် သီတင်းသုံး​နေထိုင်​သည့်​ ဦးစ​န္ဒောဘာသ (ခ) ဦးစိုးမိုး (၄၉) နှစ် ၏ ​ကျောင်း​ဆောင်​အတွင်း မူးယစ်​​ဆေးဝါးသုံးစွဲ​ရောင်းချ​ကြောင်း သတင်း​ပေးတိုင်​တန်းမှု​ကြောင့် သက်ဆိုင်ရာက ရှာဖွေခဲ့သည် ။

ထိုသို့ရှာဖွေရာ ဦးစ​န္ဒောဘာသ (ခ) ဦးစိုးမိုး ၊ အားချန် (ခ) မျိုးမြင့် (၄၉) နှစ် နှင့် အောင်လတ် (၂၈) နှစ် တို့အား တွေ့ရှိပြီး ပန်းရောင်စိတ်ကြွဆေးပြား ၂၉၈ ပြား ၊ ဘိမ်းဖြူ (၇၃.၈) ဂရန် စုစုပေါင်း ကျပ်သိန်း ၆၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့သည် ။

ထို့အပြင် မူးယစ်ဆေးဝါးရောင်းရငွေ ၂၄၆၅၀၀ ကျပ်အား တွေ့ရှိရပြီး ကွင်းဆက်တရားခံအား ဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦးစ​န္ဒောဘာသ (ခ) ဦးစိုးမိုး ၊ အားချန် (ခ) မျိုးမြင့် နှင့် အောင်လတ် တို့အား ပုသိမ်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည် ။

ထို့အပြင် အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ချမ်းမြအောင်စည်ရိပ်သာဝန်းအတွင်း သတင်းသုံးသည့် အရှင်အာစိဏ္ဏ (ခ) ဦးအေးကျော် ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ကျော် ဖမ်းဆီးရမိခဲ့သည် ။

နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/
ဘုန်းကြီးတစ်​ပါး သီတင်းသုံးရာ ​ကျောင်း​အတွင်းမှ ဘိန်းဖြူများ ဖမ်းမိ ဘုန်းကြီးတစ်​ပါး သီတင်းသုံးရာ ​ကျောင်း​အတွင်းမှ ဘိန်းဖြူများ ဖမ်းမိ Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.