ဗီဇာကင်းလွတ်ခွင့် ပြုထားသော ပြည်ပမှ ခရီးသွား ဧည့်သည်များ ဝင်ရောက်လည်ပတ်လျက်ရှိ


နေပြည်တော် ၁၆ အောက်တိုဘာ

အောက်တိုဘာ(၁)ရက်မှ စတင်၍ မကာအို၊ ဟောင်ကောင်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီး ၎င်းတို့မှ ခရီးသွား ဧည့်သည်များသည် တာချီလိတ် နယ်စပ် ဝင်/ထွက်ပေါက်မှတစ်ဆင့် လာရောက်လည်ပတ်လျက်ရှိရာ အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ဟောင်ကောင်မှ (၂၉၂) ဦး၊ တောင်ကိုရီးယားမှ (၆၆၃) ဦး၊ ဂျပန်မှ (၇၁) ဦး လာရောက် လည်ပတ်ခဲ့ကြကြောင်း သိရှိရသည်။


နေ့ချင်းပြန် ခရီးစဉ်သို့ လာရောက် လည်ပတ်ကြသော ဧည့်သည် အများစုသည် တာချီလိတ်မြို့ရှိ အထင်ကရနေရာများဖြစ်သော တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရား၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင်ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်းများသို့ သွားရောက်လည်ပတ်ကြခြင်းဖြစ်ကြောင်း သိရသည်။


တာချီလိတ် နယ်စပ် ဝင်ပေါက်မှ အောက်တိုဘာ (၁)ရက်မှ စတင်၍ ဗီဇာကင်းလွတ်ခွင့်ပြုထားသော ပြည်ပမှ ခရီးသွား ဧည့်သည်များသည် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ စုစုပေါင်း (၁၀၂၆) ဦး ဝင်ရောက်လည်ပတ်ခဲ့ပြီးဖြစ်ကြောင်း ဟိုတယ်/ခရီးမှ သိရှိရသည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဗီဇာကင်းလွတ်ခွင့် ပြုထားသော ပြည်ပမှ ခရီးသွား ဧည့်သည်များ ဝင်ရောက်လည်ပတ်လျက်ရှိ ဗီဇာကင်းလွတ်ခွင့် ပြုထားသော ပြည်ပမှ ခရီးသွား ဧည့်သည်များ ဝင်ရောက်လည်ပတ်လျက်ရှိ Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.