ရခိုင်မျိုးချစ်ပါတီကိုဖျက်သိမ်းကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်း


နိရဉ္စရာ၊ အောက်တိုဘာ ၂၃

ရခိုင်မျိုးချစ်ပါတီ (APP) ကို ဖျက်သိမ်းပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ယနေ့ အောက်တိုဘာ ၂၃ ရက်နေ့တွင် ပူးပေါင်းလိုက်ပြီဟု သတင်းရရှိသည်။

ဦးမျိုးကျော်၊ အထွေထွေအတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဦးခင်မောင်ထွန်း၊ အထွေထွေအတွင်းရေးမှူး၊ ရခိုင်မျိုးချစ်ပါတီ တို့ ပူးတွဲ လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ အစဉ်အလာနှင့် သမိုင်းဖြတ်သန်းမှုကို လေးစားသောအားဖြင့် ကျွန်ုပ်တို့ ရခိုင်မျိုးချစ်ပါတီကို ဖျက်သိမ်းကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ အလံတော်အောက်သို့ ကြိုတင်သတ်မှတ်ချက် တစ်စုံတစ်ရာမရှိဘဲ ၀င်ရောက်ပြီး ရခိုင်ပြည်သူ တစ်ရပ်လုံး လိုလားသော အမျိုးသားညီညွတ်ရေးကို အလေးထားလျက် ရခိုင်အမျိုးသားရေးကို အတူလက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြပါရှိသည်။


ယနေ့ စစ်တွေမြို့ စစ်တွေဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲမှ နှစ်ဘက်ခေါင်းဆောင်များ သဘောတူညီမှုဖြင့် ယခုကဲ့သို့ ပူးပေါင်းလိုက်ကြသည်ဟု သိရသည်။

Narinjara
https://www.facebook.com/pg/Narinjara-151742128171206
ရခိုင်မျိုးချစ်ပါတီကိုဖျက်သိမ်းကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်း ရခိုင်မျိုးချစ်ပါတီကိုဖျက်သိမ်းကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်း Reviewed by THITHTOOLWIN on 17:38 Rating: 5
Powered by Blogger.