စစ်တွေကံ့ကော်ဗောဓိဆရာတော်ကြီး အရိုးကင်ဆာဖြင့် ပျံလွန်တော်မူ


နိရဉ္စရာ၊ အောက်တိုဘာ ၂၃

စစ်တွေမြို့၊ အာကျိပ်တော်ကုန်း၊ ကံ့ကော်ကျွန်းကျောင်းတိုက်၏ ဦးစီးနာယက ရတ္တညူ မဟာနာယက (ရွှေကျင်)ကံ့ကော်ဗောဓိ ဆရာတော် ဘဒ္ဒန္တ ရေဝတ မဟာထေရ်မြတ်သည် ကံ့ကော်ကျွန်း ကျောင်းတိုက်တွင် အရိုးကင်ဆာဝေဒနာဖြင့် အောက်တိုဘာလ ၁၉ ရက်နေ့က ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ဆရာတော်ဘုရားကြီးသည် အရိုးကင်ဆာဝေဒနာကို ၂၀၁၈ ဧပြီလမှ စတင်ခံစားခဲ့ရပြီး အောက်တိုဘာလ၁၉ ရက်နေ့ ည ၈ နာရီ ၅ မိနစ် ကံ့ကော်ကျွန်းကျောင်း တိုက်တွင် သက်တော် (၇၄) နှစ် ဝါတော် (၅၂) တွင်ပျံလွန်တော်မူခဲ့ကျောင်း ဆရာတော်ဘုရားကြီး၏ လက်ထောက် ကျားမသောက်ဆရာတော် ဘဒ္ဒန္တဇေယျသေနက နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

"ဆရာတော်က ဒီအရိုးကင်ဆာရောဂါဝေဒနာကို ၂၀၁၈ ဧပြီလကတည်းကခံစားနေခဲ့ရတာပါ။အစက စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ပေမယ့် နောက်ပိုင်း အရိုးကင်ဆာမှန်းသိတဲ့အခါကျတော့ ဆရာတော်ဘုရားကြီးဟာ ဆေးရုံက ပြန်ဆင်းခဲ့ပါတယ်။နောက်ထပ်တော့ ဆေးကုသမှုကို ကျောင်းတိုက်မှာပဲ လုပ်ဖြစ်ခဲ့ပါတယ်။ အောက်တို ဘာလ ၁၉ ရက် ည ၈ နာရီ ၅ မိနစ်မှာဆရာတော်ကွယ်လွန်တော်မူခဲ့ပါတယ်"ဟု ကျားမ သောက် ဆရာတော်က ပြောသည်။


ယနေ့တွင် ဆရာတော်ကြီး ရုပ်ကလပ်တော်အား ရခိုင်ရိုးရာ ဓလေ့ထုံးတန်းစဉ်နှင့် အညီ ကြာကလပ်တင်ခဲ့သည်ဟု သိရသည်

ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနအား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၅ ရက်နေ့များတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်းသိရသည်။

စိုးဇံအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/pg/Narinjara-151742128171206
စစ်တွေကံ့ကော်ဗောဓိဆရာတော်ကြီး အရိုးကင်ဆာဖြင့် ပျံလွန်တော်မူ စစ်တွေကံ့ကော်ဗောဓိဆရာတော်ကြီး အရိုးကင်ဆာဖြင့် ပျံလွန်တော်မူ Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.