မူဆယ်- မန္တလေး ရထားလမ်းဖောက်ရေး ဖြစ်နိုင်ခြေ လေ့လာမည်


တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကနေ မန္တလေးကို အမြန်ရထားလမ်းဖေါက်လုပ်ရေးအတွက် စတင်လေ့လာဖို့ သဘောတူညီချက်ကို မြန်မာနဲ့ တရုတ်အစိုးရကိုယ်စားလှယ်တွေ တနင်္လာနေ့က လက်မှတ်ထိုးခဲ့ပါတယ်။

အဲဒီ ရထားလမ်းဖေါက်ဖို့အတွက် မြန်မာနဲ့ တရုတ်အစိုးရအကြား ၂ဝ၁၁ မှာ လက်မှတ်ထိုးခဲ့ပေမယ့် လူထုဆန့်ကျင်မှုကြောင့် နောက် ၃ နှစ်အကြာမှာ ဆိုင်းငံ့ထားခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ပြန်လည်ဆွေးနွေးခဲ့ကြောင်း၊ အခု သဘောတူညီချက်အရ ဖြစ်နိုင်ခြေနဲ့ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေကို ၂ နှစ်ကြာ လေ့လာဆန်းစစ်မှာ ဖြစ်ကြောင်း စသဖြင့် ဟောင်ကောင်က လာတဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီစီမံကိန်းအရဖေါက်လုပ်မယ့် ရထားလမ်းဟာ ၂၆၈ မိုင် ရှည်လျားပြီး တနာရီ ၉၉ မိုင်နှုန်း ခုတ်မောင်းနိုင်မယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မူဆယ်- မန္တလေး ရထားလမ်းဖောက်ရေး ဖြစ်နိုင်ခြေ လေ့လာမည် မူဆယ်- မန္တလေး ရထားလမ်းဖောက်ရေး ဖြစ်နိုင်ခြေ လေ့လာမည် Reviewed by THITHTOOLWIN on 10:03 Rating: 5
Powered by Blogger.