တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပြိုင်ပွဲ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၇၀၀ အထိ အသုံးပြုမည်


တောင်ကြီး ၊ အောက်တိုဘာ -၂၃

၂၀၁၈ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပြိုင်ပွဲ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၇၀၀ အထိ အသုံးပြုသွားမယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိပါတယ်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲမှာ ရဲတပ်ဖွဲ့ဝင် အင်အား ၇၀၀ ကို အသုံးပြုဖို့လျာထားပြီးတော့ ယခင်နှစ်က အသုံးပြုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်အင်အားထက် ၁၀၀ ဦးရေ ပိုတယ်လို့လည်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူး စိုးထွန်းဝင်း ကပြောသည်။

လုံခြုံရေးအတွက် သတိဝီရိယ ရှိရှိနဲ့ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ လုံခြုံရေးအစီအမံ အပိုင်း (၇) ပိုင်းနဲ့ဆောင်ရွက်သွားမယ်လို့လည်း ဒုရဲမှူးစိုးထွန်းဝင်းကပြောပါတယ်။

လုံခြုံရေးအတွက် နေရာလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေး၊လူပုဂွိုလ်လုံခြုံရေး၊ ယာဉ်တန်းလုံခြုံရေး၊ နယ်မြေလုံခြုံရေး၊ အရေးပေါ်လုံခြုံရေးနှင့် မီးဘေးလုံခြုံရေးတို့ကို အပိုင်းအလိုက် စီမံဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဒုရဲမှူးစိုးထွန်းဝင်းကပြောပါတယ်။

ေ နရာလုံခြုံရေးအတွက် ဗဟိုစည်း၊ အ တွင်းစည်း ၊ အဝေးစည်း သတ်မှတ်ခွဲခြားထားပြီး နေရာပေါင်း ၃၇ နေရာမှာ လုံခြုံရေးနေရာများ ချထားဆောင်ရွက်ရန် စီစဉ်ထားရှိထားတယ်လို့လည်း မီးပုံးပျံပြိုင်ပွဲ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ မှ သိရပါတယ်။

မိုင်းရှင်းလင်းရေးအတွက် ပွဲတော်မတိုင်ခင် ကာလကတည်းက နေ့စဉ် တပ်မတော်စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်း ကော်မတီ မှသိရပါတယ်။

တောင်ကြီးမြို့ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ဆယ်ရက်တိုင်တိုင် ယခင်နှစ်တွေ အတိုင်းစည်ကားသိုက်မြိုက်စွာကျင်းပသွားမယ်လို့လည်း တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ မှ သတင်းထုတ်ပြန်လိုက်ပါတယ်။


သတင်း-ခွန်ဆာ (ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပြိုင်ပွဲ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၇၀၀ အထိ အသုံးပြုမည် တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပြိုင်ပွဲ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၇၀၀ အထိ အသုံးပြုမည် Reviewed by THITHTOOLWIN on 10:06 Rating: 5
Powered by Blogger.