ပလက်ဝမြို့ နယ်တွင် မိုင်းကွဲ၍ ဒေသခံတစ်ဦးဒဏ်ရာရ

ဓါတ်ပုံ. TinTun Aung

နိရဉ္စရာ၊ အောက်တိုဘာ၃၀

ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ်တွင် အောက်တိုဘာ ၂၉ရက်နေ့လယ်က မိုင်းပေါက်ကွဲပြီး ဒေသခံတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

ပလက်ဝ ဒေသခံ ဦးတင်ထွန်းအောင်က “ ပလက်ဝမြို့နယ် ပီချောင်းအထဲမှာ ရပ်ချောင်းကျေးရွာ ရှိပါတယ်။ အဲဒီရွာမှာ နေထိုင်သူ ဦးဟွေ့ တန်းက တောင်ယာမှာ ဟင်းစားရှာဖို့ သွားစဉ်မှာ မိုင်းနင်းမိတာ ဖြစ်ပါတယ်” ဟုပြောသည်။

၎င်းပြင်သူ“ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးသိရတာက ရပ်ချောင်းကျေးရွာနေ ဦးဟွေ့ တန်းဟာ မိမိတောင်ယာတဲမှာ နေထိုင်ပြီး မိမိရွာသို့  အပြန်လမ်းမှာ မိမိအိမ်အတွက် ဟင်းစားရှာဖွေရာကနေ အောက်တိုဘာ ၂၉ ရက် မနက် ၁၁နာရီအချိန်မှာ မိုင်းနင်းမိတာ ဖြစ်တယ်လို့ သိရပါတယ်” ဟု ဆက်လက် ပြောကြားသည်။

မိုင်းပေါက်သံကြောင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနှင့်အတူ ရွာသားများ သွားကြည့်ရာ ပေါက်ကွဲသည့် တောင်ကုန်းတွင် ဦးဟွေ့ တန်းမှာ သွေးထွက်ပြီး ဒဏ်ရာများဖြင့်လဲကျနေကြောင်း၊ ဦးခေါင်းတစ်ခုလုံး မဲတူး ဖောရောင်၍ ခန္တာကိုယ်တစ်ခုလုံး သွေးထွက်နေကြောင်း၊ ဒဏ်ရာများသဖြင့် ရပ်ချောင်း ကျေးရွာသူ ကျေးရွာသားများမှ နေ့လယ် ၁၂နာရီ၌ ပလက်ဝမြို့နယ် ဆေးရုံးသို့ ဝိုင်းဝန်း ပို့ ဆောင်ကြရာ အောက်တိုဘာလ၂၉ရက် ည၅နာရီ၁၅မိနစ်အချိန်၌ ဆေးရုံသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

သိန်းဇော် (မောင်တော)
Narinjara
https://www.facebook.com/Narinjara-151742128171206/
ပလက်ဝမြို့ နယ်တွင် မိုင်းကွဲ၍ ဒေသခံတစ်ဦးဒဏ်ရာရ ပလက်ဝမြို့ နယ်တွင် မိုင်းကွဲ၍ ဒေသခံတစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.